ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ
  • Mon, 5 August 2024

ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း  တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ


စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းသည် ဩဂုတ်လ(၅)ရက်နေ့ ညနေပိုင်းတွင် တပ်ကုန်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် စိုက်ပျိုးပညာပေးရေး စခန်း Knowledge Center တာဝန်ကျဝန်ထမ်းများ အနေဖြင့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး နည်းပညာပေး ဆောင်ရွက်ကြရန် ၊ ဝါသီးနှံအထူးဇုန်များ သတ်မှတ်၍ ပန်းတိုင်အထွက်ရရှိရေးကို တောင်သူများနှင့် ပူးပေါင်း အကောင်အထည် ဖော်ဆောင်ရွက်ကြရန်၊ စိုက်ဧက နှင့် သီးနှံအထွက် ဆိုင်ရာ ကိန်းဂဏန်း အချက် အလက်များ တိကျမှန်ကန်ရေး အလေးထားဆောင်ရွက်ကြရန်ဆွေးနွေး ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဇော်နှင့် ညွှန်ကြားရေးမှူးများ ၊ ခရိုင်နှင့်မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။