စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသောဒုတိယလက်ထောက်ဉီးစီးမှူး ရာထူးနေရာ(၄၀၀)အတွက် လျှောက်လွှာခေါ်ယူခြင်း
  • Thu, 5 September 2024

စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသောဒုတိယလက်ထောက်ဉီးစီးမှူး ရာထူးနေရာ(၄၀၀)အတွက် လျှောက်လွှာခေါ်ယူခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

စိုက်ပျိုးရေးဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်း


 ကြော်ငြာစာအမှတ်-   ၂/၂၀၂၄

      ၁၃၈၆ ခုနှစ်၊ တော်သလင်းလဆန်း( ၁ )ရက်

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ( ၃ )ရက်


၁။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ်လျက် ရှိသော အောက်ဖော်ပြပါ ရာထူးနေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

        စဉ်         ရာထူး/လစာနှုန်း(ကျပ်) လစ်လပ်နေရာ ပညာအရည်အချင်း

       (၁) ဒုတိယလက်ထောက်ဦးစီးမှူး

                (  ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ( ၄၀၀ )နေရာ B.Agr.Sc ဘွဲ့ရ/

                                                                                         Dip.Agri အောင်လက်မှတ်ရ


၂။ လျှောက်ထားသူသည်-


(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ ) ၃၀ - ၉ -၂၀၂၄ ရက်တွင် အသက်(၃၀)နှစ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ် ထက် မကျော်လွန်သူဖြစ်ရမည်။

( ဂ ) မဟာဘွဲ့ရပြီးသူများအတွက် အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။

(ဃ) အနည်းဆုံး လုပ်သက်တစ်ဆက်တည်း(၅)နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

( င ) ကျန်းမာရေးကောင်းမွန်ပြီး ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။

( စ ) အစိုးရဌာနတစ်ခုခု၏ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှထုတ်ပယ် ခြင်း(Removal) ခံရသူများ လျှောက်ထားခွင့်မရှိပါ။


၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲ လျက် စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၃)၊ နေပြည်တော်သို့ ၃၀-၉-၂၀၂၄ ရက်အရောက် ပေးပို့ လျှောက်ထားရမည်-

၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲ လျက် စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၃)၊ နေပြည်တော်သို့ ၃၀-၉-၂၀၂၄ ရက်အရောက် ပေးပို့ လျှောက်ထားရမည်-


(က) ပညာအရည်အချင်း အောင်လက်မှတ်မိတ္တူ (လူတွေ့စစ်ဆေးခြင်းဖြေဆိုသည့်အခါ အောင်လက်မှတ်မူရင်း တင်ပြရန်)

( ခ ) အသက်အထောက်အထားအတွက် အခြေခံပညာအထက်တန်းအောင်/ တက္ကသိုလ် ဝင်တန်းအောင်လက်မှတ်မိတ္တူ (လူတွေ့စစ်ဆေးခြင်းဖြေဆိုသည့်အခါအောင်လက်မှတ် မူရင်းတင်ပြရန်)

( ဂ ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း သက်ဆိုင်ရာ ရဲစခန်းမှ ထောက်ခံထား သည့် ပြစ်မှု၊ မှုခင်း ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း

(ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ရိုက်ကူးထားသော နောက်ခံအနီရောင် လိုင်စင်ဓါတ်ပုံ(၂)ပုံ(နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် ရေးသားဖော်ပြရန်)

( င ) နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ

( စ ) ပြင်ပမှလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူ

(ဆ) နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ ခွင့်ပြုချက်မူရင်းနှင့် ဌာနဆိုင်ရာ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း



၄။ လျှောက်လွှာများကို နေပြည်တော်၊ ရုံးအမှတ်(၄၃)၊ စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒ၊ စည်းမျဉ်းနှင့် ဝန်ထမ်းရေးရာဌာနခွဲ၊ ဝန်ထမ်းရေးရာဌာနစိတ်(၇)နှင့် တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနရုံးများတွင် ရရှိနိုင်ပါသည်။


၅။ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများနှင့် အချက်အလက် များ ပြည့်စုံစွာ ဖြည့်စွက်ဖော်ပြထားခြင်းမရှိသော လျှောက်လွှာများကို လက်ခံမည်မဟုတ်ပါ။


၆။ အရည်အချင်းစစ်ရေးဖြေစစ်ဆေးခြင်းကို နေပြည်တော်စာစစ်ဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် စာစစ်ဌာနများတွင် တစ်ပြိုင်တည်း ကျင်းပမည်ဖြစ်သောကြောင့် မိမိတို့ဖြေဆိုမည့် စာစစ်ဌာန(၁)ခုကို ဖော်ပြလျှောက်ထားရမည်ဖြစ်ပြီး အဆိုပါစာစစ်ဌာန၌သာ ဖြေဆိုခွင့်ပြုမည်ဖြစ်သည်။


၇။ လျှောက်ထားသူများသည် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတ ဘာသာရပ်များ ပါဝင်သော အရည်အချင်းစစ် ရေးဖြေစာမေးပွဲအား (၂)နာရီမေးခွန်းဖြင့် နေပြည်တော်စာစစ်ဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ်စာစစ်ဌာနများတွင် ၁၂-၁၀-၂၀၂၄ ရက်နံနက်(၉:၃၀)နာရီ၌ ဖြေဆိုရမည်ဖြစ်သည်။


၈။ ရေးဖြေစာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ၁၁-၁၀-၂၀၂၄ ရက်တွင် တိုင်းဒေသကြီး/ပြည်နယ် စာစစ်ဌာနများတွင်ဖြေဆိုသူများအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၌ လည်းကောင်း၊ နေပြည်တော်စာစစ်ဌာနတွင် ဖြေဆိုသူများအနေဖြင့် ရုံးအမှတ် (၄၃)၊ စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒ၊ စည်းမျဉ်းနှင့် ဝန်ထမ်းရေးရာဌာနခွဲ၊ ဝန်ထမ်းရေးရာဌာနစိတ်(၇)၌လည်းကောင်း ဖြေဆိုမည့်သူ ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားပြသ၍ ရုံးချိန်အတွင်း ထုတ်ယူရပါမည်။


၉။ ရေးဖြေအောင်မြင်သူများအား လူတွေ့စစ်ဆေးမည့် အစီအစဉ်ကို ထပ်မံအကြောင်းကြားမည် ဖြစ်ပြီး သိရှိစုံစမ်းလိုပါက စိုက်ပျိုးရေးဦးစီးဌာန Website www.doa.gov.mm/doa   နှင့် အပိုဒ်(၁၀)ပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။ 


၁၀။ အသေးစိတ်သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၁၀၃၂၅/ ၀၆၇-၃၄၁၀၅၁၆/ ၀၆၇- ၃၄၁၀၅၁၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။


                                                                                                                                                                                                                                                                                                                                                 စိုက်ပျိုးရေးဦးစီးဌာန