မိုးစပါး၊ ဝါသီးနှံ နှင့် မိုးသီးနှံများ ရာသီချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး နှိုးဆော်
  • Thu, 12 September 2024

မိုးစပါး၊ ဝါသီးနှံ နှင့် မိုးသီးနှံများ ရာသီချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး နှိုးဆော်


လက်ရှိဖြစ်ပေါ်နေသော လေပွေလှိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့ သဖြင့် မိုးစပါး၊ ဝါသီးနှံ နှင့် မိုးသီးနှံများ ရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးနိုင်ပါသည်။

မိုးစပါးနှင့်မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရန် ရာသီအချိန်ကျန်ရှိ နေပါသေးသည်။ မိုးစပါးပြန်လည်စိုက်ပျိုးရာတွင် သက်တမ်းတိုမျိုးများ ပြန်လည်စိုက်ပျိုး နိုင်ရေးအတွက်လည်းကောင်း၊ မိုးနှောင်းချည်မျှင်ရှည်ဝါ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် လည်းကောင်း တောင်သူလယ်သမားများအနေဖြင့် အချိန်မီ စီမံ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ နှင့် ဆွေးနွေးတိုင်ပင် ဆောင်ရွက်ကြပါရန် တိုက်တွန်း အပ်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာနရုံးများတွင် အရံမျိုးများ စုဆောင်းထားရှိပြီး တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိနေပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။ 


စိုက်ပျိုးရေးဦးစီးဌာန