ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးဧရိယာများတွင် ပြန်လည်အစားထိုးစိုက်ပျိုးခြင်းနှင့် အထွက်နှုန်းမကျဆင်းစေရေးကြိုးပမ်းဆောင်ရွက်
  • Mon, 16 September 2024

ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးဧရိယာများတွင် ပြန်လည်အစားထိုးစိုက်ပျိုးခြင်းနှင့် အထွက်နှုန်းမကျဆင်းစေရေးကြိုးပမ်းဆောင်ရွက်


ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးဧရိယာများတွင် ပြန်လည်အစားထိုးစိုက်ပျိုးခြင်းနှင့် အထွက်နှုန်းမကျဆင်းစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို စက်တင်ဘာလ (၁၆) ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ်ကို အခြေပြု၍ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည်။



အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က ရေကြီးနစ်မြုပ်၍ ထိခိုက်ပျက်စီးဧရိယာများတွင် ပြန်လည်အစားထိုးစိုက်ပျိုးခြင်းနှင့် အထွက်နှုန်း မကျဆင်း စေရေး လုပ်ငန်းလမ်းညွှန်ချက်များကို ရှင်းလင်းမှာကြားပြီး လုပ်ငန်းဆောင်ရွက်ရန် အစီအစဉ်များ၊ ဆောင်ရွက်မည့်နည်းလမ်းများ၊ အရန်မျိုးများ စုဆောင်းထားရှိမှု နှင့် အစားထိုးစိုက်ပျိုးမည့် အစီအစဉ်များ ၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့နယ်များတွင် စပါးပျိုးခင်းများ ဆောင်ရွက်မည့်အစီအစဉ်များ ၊  ဓာတ်မြေဩဇာသွင်းအားစုများ ပံ့ပိုးခြင်း နှင့် တောင်သူပညာပေး လုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်များ၊ နေပြည်တော်နယ်မြေအတွင်း မြို့နယ်များသို့ ကွင်းဆင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ချက်များ ကို ဆွေးနွေး ပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများက ဒေသအလိုက်ဆောင်ရွက်ဆဲ လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြားရေးမှူးချုပ် က လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိသည်။