သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး နှိုးဆော်ချက်
  • Tue, 17 September 2024

သီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရေး နှိုးဆော်ချက်


၁။ လေပွေလှိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ရေကြီးနစ်မြုပ်ခဲ့သည့် သီးနှံစိုက် ဧရိယာများတွင် ရေများ ပြန်လည်ကျဆင်းနေပြီဖြစ်ပါ၍ မူလသီးနှံများ ပြန်လည်စိုက်ပျိုးခြင်း၊ အခြားသီးနှံများ ပြန်လည်စိုက်ပျိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။

၂။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ စိုက်ပျိုးရေးဦးစီးဌာန အပါအဝင် ဦးစီးဌာနများမှ ဝန်ထမ်းများ ကွင်းဆင်း၍ တောင်သူများနှင့်ဆွေးနွေး ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသအလိုက် သင့်လျော်သည့်မျိုးများ စုဆောင်းထားရှိခြင်းနှင့် ထွန်ယက်ရေးလုပ်ငန်းများဆောင်ရွက်ရန် စက်ကိရိယာများ စုစည်းခြင်းလုပ်ငန်းများကို စီမံ ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။ ထိခိုက်မှုမရှိသည့်စပါးခင်းများတွင် လိုအပ်သည့် ဖြည့်စွက် ရေပေးသွင်းနိုင်ရေးအတွက်လည်း ရေပေးမြောင်းများကို အချိန်မီ ပြန်လည်ပြုပြင်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။

၃။ သို့ဖြစ်ပါ၍ သီးနှံများ ပြန်လည်စိုက်ပျိုးကြမည့် တောင်သူများအနေဖြင့် မျိုးရရှိရေး၊ ထွန်ယက်ရေးစက်ကိရိယာများရရှိရေးတို့အတွက် လိုအပ်ပါက နီးစပ်ရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာန ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန