စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယလက်ထောက်ဉီးစီးမှူးရာထူးနေရာ(၄၀၀)အတွက် လျှောက်လွှာနောက်ဆုံးပေးပို့ရမည့်ရက် ပြင်ဆင်သတ်မှတ်ခြင်း
  • Thu, 19 September 2024

စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယလက်ထောက်ဉီးစီးမှူးရာထူးနေရာ(၄၀၀)အတွက်  လျှောက်လွှာနောက်ဆုံးပေးပို့ရမည့်ရက် ပြင်ဆင်သတ်မှတ်ခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

စိုက်ပျိုးရေးဦးစီးဌာန

လျှောက်လွှာနောက်ဆုံးပေးပို့ရမည့်ရက် ပြင်ဆင်သတ်မှတ်ခြင်း


 ကြော်ငြာစာအမှတ် -   ၃  /၂၀၂၄

      ၁၃၈၆ ခုနှစ်၊ တော်သလင်းလပြည့်နေ့

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ( ၁၇ )ရက်


၁။ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ်လျက် ရှိသော ဒုတိယလက်ထောက်ဦးစီးမှူးရာထူး(၄၀၀)နေရာအတွက် ၅-၉-၂၀၂၄ ရက်တွင် မြန်မာ့အလင်း သတင်းစာနှင့် ၆-၉-၂၀၂၄ ရက်တွင် ကြေးမုံသတင်းစာတို့၌ သတ်မှတ်အရည်အချင်း ကိုက်ညီသူများ အား ၃၀-၉-၂၀၂၄ ရက်နောက်ဆုံးထား၍ လျှောက်လွှာများပေးပို့လျှောက်ထားရန် သတ်မှတ်ခဲ့ခြင်း အစား လျှောက်လွှာပိတ်ရက်အား ၃၀-၁၀-၂၀၂၄ ရက်သို့ ပြင်ဆင်သတ်မှတ်လိုက်သည်။


၂။ လျှောက်ထားသူများသည် မိမိတို့လျှောက်ထားသည့် စာစစ်ဌာနများ၌ ဖြေဆိုခွင့်ကတ်ပြားများ ကို ၈-၁၁-၂၀၂၄ ရက်တွင် ထုတ်ယူရန်ဖြစ်ပြီး ရေးဖြေစာမေးပွဲအား ၉-၁၁-၂၀၂၄ ရက် နံနက် (၉:၃၀)နာရီတွင် ဖြေဆိုရမည်ဖြစ်သည်။


၃။ အသေးစိတ်သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၁၀၃၂၅/၀၆၇- ၃၄၁၀၅၁၆/ ၀၆၇- ၃၄၁၀၅၁၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။



စိုက်ပျိုးရေးဦးစီးဌာန