မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ၏(၂၉)ကြိမ်မြောက် အစည်းအဝေးကျင်းပမျိုးသစ်မျိုးဖျား (၆၃)မျိုးကို စိစစ်ဆောင်ရွက်
  • Fri, 20 September 2024

မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ ၏(၂၉)ကြိမ်မြောက် အစည်းအဝေးကျင်းပမျိုးသစ်မျိုးဖျား (၆၃)မျိုးကို စိစစ်ဆောင်ရွက်


ဌာန၊ကုမ္ပဏီအဖွဲ့အစည်းများက တင်ပြလျှောက်ထားလာသော သီးနှံမျိုးသစ်များအား မျိုးသစ် အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေးအတွက် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီသို့ မှန်ကန် သောထောက်ခံတင်ပြချက်များ တင်ပြနိုင်ရန် စိစစ်သုံးသပ်ခြင်း ဆွေးနွေးသည့် မျိုးစေ့ကျွမ်းကျင်မှု ဆိုင်ရာကော်မတီ အစည်းအဝေးများကိုကျင်းပ ဆောင်ရွက်လျက်ရှိရာ စက်တင် ဘာလ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၄၃) စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ() ကျင်းပ ပြုလုပ်သည့် (၂၉) ကြိမ်မြောက် အစည်းအဝေးသို့ မျိုးစေ့ကျွမ်းကျင်မှု ဆိုင်ရာကော်မတီ ဥက္ကဌ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း ဒုတိယဥက္ကဌ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာနိုင်ကြည်ဝင်း၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ အတွင်းရေးမှူး ညွှန်ကြားရေးမှူး ဦးသီဟထွန်း နှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့များမှ အဖွဲ့ခေါင်းဆောင်များ၊ သီးနှံကျွမ်းကျင်ပညာရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ နှင့် သက်ဆိုင်ရာ ခြံဦးစီးမှူးများ တက်ရောက်ကြပြီး အွန်လိုင်းမှ ပါဝင်တက်ရောက်သူ (၂၃) ဦး အပါအဝင် စုစုပေါင်း (၃၉)ဦး တို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။




ယနေ့ကျင်းပသည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၂၉)ကြိမ်မြောက် အစည်းအဝေးတွင် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့များက စိစစ်တင်ပြလာသည့် စမ်းသပ် စိုက်ပျိုး အဖြေရရှိပြီးဖြစ်သော သီးနှံ()မျိုး၏ မျိုးဖျား(၁၁)မျိုးနှင့် စာရွက်စာတမ်း အပြည့်အစုံနှင့်တင်ပြလာသည့် သီးနှံ ()မျိုး၏ မျိုးဖျား(၅၂)မျိုး၊ စုစုပေါင်း မျိုးသစ်မျိုးဖျား (၆၃)မျိုးတို့ကို ထပ်မံစိစစ်ပြီး မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ သို့ ထပ်မံတင်ပြ ပေးရန်ကိစ္စရပ်များကို စိစစ်ဆောင်ရွက်ခဲ့ကြသည်။

  (၂၈) ကြိမ်မြောက်ကျင်းပခဲ့သည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ အစည်းအဝေး ကျင်းပပြီးချိန် အထိ လယ်ယာသီးနှံ (၇၀၅) မျိုး၊ဥယျာဉ်ခြံသီးနှံ (၈၉၂) မျိုး၊ စက်မှုသီးနှံ (၁၃၁) မျိုးနှင့် မိဘမျိုးလိုင်း (၁၉၇) လိုင်း၊ စုစုပေါင်း (၁၉၂၅) မျိုးတို့ကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။