ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းမှု နှုန်းထားများ စနစ်တကျလိုက်နာရန် လိုအပ်
  • Thu, 3 October 2024

ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်စပါးခင်းများအား ပြန်လည်ကုစားရန် သွင်းအားစုများထည့်သွင်းမှု နှုန်းထားများ စနစ်တကျလိုက်နာရန် လိုအပ်


စက်တင်ဘာလဒုတိယပတ်တွင် ကြုံတွေ့ခဲ့ရသည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြုပ် ဖြစ်ပေါ်ခဲ့သော မိုးစပါးစိုက်ဧရိယာများတွင် ရေပြန်လည်ကျဆင်းပြီးနောက် ထိခိုက်ခဲ့သော စပါးခင်းများအား ပြန်လည်ကုစားရန် အတွက် မြေဩဇာနှင့် ရွက်ဖျန်း မြေဩဇာများ ထည့်သွင်းခြင်း လုပ်ငန်းကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ကြို့ပင်ကျေးရွာအုပ်စု၊ မိုးစပါးဧက (၁၀၀)၌ ဆောင်ရွက်ခဲ့ပြီး ပြန်လည်ကုစားခြင်း အတွက် တစ်ဧကလျှင် ယူရီးယား (၂၈)ပေါင် ၊ သဘာဝမြေဩဇာ(၁)အိတ်၊ ပိုတက်မြေဩဇာ (၂၈)ပေါင် ၊ ကျောက်မှုန့် (၅၆)ပေါင် နှင့် ရွက်ဖျန်း မြေဩဇာ (၅၀၀)ဂရမ်နှုန်း တို့ဖြင့် ထည့်သွင်းဆောင်ရွက်ခဲ့ရာ ယနေ့အချိန်တွင် ပြန်လည် ကုစားခဲ့သော မိုးစပါး စိုက်ခင်းများ ကောင်းမွန်စွာဖြစ်ထွန်းလျက်ရှိပြီး သက်မှတ်အထွက် နှုန်းများ အတိုင်း ရရှိနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

သို့ပါ၍ ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်ခဲ့သော မိုးစပါးစိုက်ခင်းများတွင် စိုက်ပျိုးရေး ဦးစီးဌာန က သက်မှတ်ထားသော သွင်းအားစု နှုန်းထားများအတိုင်း ထည့်သွင်းကုစားခြင်းဖြင့် မျှော်မှန်းထားသောအထွက်နှုန်းများအတိုင်း ရရှိနိုင်မည်ဖြစ်ပါ၍ ရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးထိခိုက်ခဲ့သော တောင်သူများအနေဖြင့် စနစ်တကျ လိုက်နာ ဆောင်ရွက်ကြပါရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က တိုက်တွန်း ထားရှိကြောင်း သတင်းရရှိသည်။