ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများပြန်လည် စိုက်ပျိုးရန် အရင်းမပျောက်မတည်ငွေနှင့် စိုက်ပျိုးရေးသွင်းအားစုများ အသုံးပြုနိုင်ရန် ထောက်ပံ့ငွေလှူဒါန်း
  • Sat, 5 October 2024

ရေကြီးနစ်မြုပ်မှုကြောင့် ထိခိုက်၊ပျက်စီးခဲ့သည့် သီးနှံများပြန်လည် စိုက်ပျိုးရန် အရင်းမပျောက်မတည်ငွေနှင့် စိုက်ပျိုးရေးသွင်းအားစုများ အသုံးပြုနိုင်ရန် ထောက်ပံ့ငွေလှူဒါန်း


ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေကြီးနစ်မြှပ်မှုဖြစ်ပေါ်ခဲ့သဖြင့် ထိခိုက်ပျက်စီးခဲ့သည့် သီးနှံ များပြန်လည်စိုက်ပျိုးရန် အရင်းမပျောက်မတည်ငွေနှင့် မျိုးစေ့၊ ရွက်ဖျန်းမြေဩဇာနှင့် ပိုးသတ်ဆေးများ အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ငွေလှူဒါန်းခြင်းအခမ်းအနားကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင် ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ထောက်ပံ့ငွေများအား တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့် တင်ရေးဦးဆောင်အဖွဲ့ထံသို့ မြန်မာနိုင်ငံဆန်စပါးအသင်ချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) တို့က စုပေါင်းလှူဒါန်းကြပြီး အခမ်းအနား တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များ အသင်းဥက္ကဌတို့က လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ထိုနောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌက အရင်းမပျောက်မတည်ငွေကျပ်သိန်း ၁၂၅၀၀၊ ထောက်ပံ့ငွေကျပ်သိန်း ၅၀၀၀နှင့် မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းဥက္ကဌက ထောက်ပံ့ငွေကျပ်သိန်း ၅၀၀၀ ကို ပေးအပ်လှူဒါန်းကြရာ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီ ဥက္ကဌနှင့် ဒုတိယဝန်ကြီးများက လက်ခံရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တောင်သူလယ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ယခုပေးအပ်သည့် ထောက်ပံ့ငွေကျပ်သိန်း ၅၀၀၀ မှ ရေကြီးနစ်မြှပ်ဒဏ်ခံခဲ့ရသည့် စပါးစိုက်ဧရိယာ ၇၇၇၃ ဧကအတွက် မျိုးစေ့တစ်တင်း၊ ရွက်ဖျန်းမြေဩဇာ၊ ပိုးသတ်ဆေးအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ၆၄၃၂၅ ကျပ်နှုန်းပံကို့ပေးမည်ဖြစ်ကြောင်း၊ အရင်းမပျောက်မတည်ငွေ ကျပ်သိန်း ပေါင်း ၁၂၅၀၀ ကို မိုးသီးနှံထိခိုက်မှုရှိခဲ့သည့် စိုက်ခင်းများအတွက် တစ်ဧက ကျပ်တစ်သိန်း နှုန်းဖြင့် အတိုးမဲ့ချေးပေးရန် လျားထားပါကြောင်း၊ မိုးစပါးပြန်လည် စိုက်ပျိုး နိုင်ခြင်းမရှိသော ဧရိယာများတွင် တောင်သူများတွက်ချေကိုက်သော အခြားသီးနှံများ အစားထိုးစိုက်ပျိုးနိုင်ရန် ထောက်ပံ့ငွေကျပ် သိန်း ၅၀၀၀ ဖြင့် စီမံဆောင်ရွက်ပေးမည်ဖြစ်ပြီး မတ်ပဲ ၂၆၉၂ ဧကနှင့် ပဲတီစီမ်း ၁၃၀၄ ဧကအတွက် တစ်ဧကလျှင် မျိုးစေ့တစ်တင်းနှုန်း ပံ့ပိုးပေးမည်ဖြစ်ကြောင်း နှင့် ထောက်ပံ့ပေးသော အလှူရှင်အသင်းချုပ်များ၊ ကုမ္ပဏီအစုအဖွဲ့များအား ကျေးဇူးတင် ပါကြောင်း ပြောကြားသည်။