စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
  • Tue, 8 October 2024

စိုက်ပျိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စိုက်ပျိုးရေးလုပ်ငန်းများ အကောင် အထည်ဖော်ရေး လုပ်ငန်းကော်မတီ၏ (၂/၂၀၂၄)လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို အောက်တိုဘာလ ၈ ရက်နေ့ တွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ)စီမံကိန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆောင်ရွက်ဆဲအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)နှင့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေစပါးစီမံကိန်း လုပ်ငန်းများ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် ညွှန်ကြားရေးမှူးချုပ်များ တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီး ၊ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်း ရှင်များအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်းတို့မှ တာဝန်ရှိသူများ က အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။