၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက် (မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)
  • Tue, 4 February 2025

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက် (မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသတင်း)


တင်ပြသူ - ဒေါ်စန္ဒာဝေ

- မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

…………………………………………………………………………………………………….

မင်္ဂလာပါရှင်

ယခုတစ်ပတ်တင်ပြမှာကတော့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် မိုးလေဝသနဲ့ ဇလ ဗေဒခန့်မှန်းချက်များဖြစ်ပါတယ်။ 

ဖေဖော်ဝါရီလအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်တောင် ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါ တယ်။

မိုးရွာသွန်းမှုအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည် နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲအောက်လျော့နည်းနိုင်ပြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသ ကြီးနဲ့ ကချင်ပြည်နယ်တို့မှာ  ၄ ရက်မှ ၇ ရက်ခန့်နဲ့ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊  မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၁ ရက်မှ ၃ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

ညအပူချိန်ခန့်မှန်းချက်အနေနဲ့ကတော့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာ ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီစင်တီဂရိတ်နဲ့ အထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါတယ်။

မြူအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၁၈ ရက်မှ ၂၅ ရက်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ၁၀ ရက်မှ ၁၇ ရက်ခန့်နဲ့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ ၂ ရက်မှ ၉ ရက်ခန့် နံနက်ပိုင်းမှာ မြူထူများဆိုင်းနိုင်ပါတယ်။

မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့နဲ့ ကသာမြို့တို့မှာ ၁ ပေမှ ၂ ပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ပြီး၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူ မြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ပေဝက်မှ ၁ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။ 

ဒုဋ္ဌဝတီမြစ်ရေဟာ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ပေဝက်မှ ၁ ပေခန့်၊ စစ်တောင်းမြစ်ရေ ဟာ တောင်ငူမြို့မှာ ပေဝက်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ ၁ ပေခန့်နဲ့ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၁ ပေခန့် လက်ရှိရေမှတ်များထက် မြင့်တက်လာနိုင်ပြီး၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ပေဝက် ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ပေဝက်ခန့်၊ စစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ ၁ ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ  ပေဝက်ခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့မှာ ပေဝက်ခန့်၊ သံလွင် မြစ်ရေဟာ ဘားအံမြို့မှာ ၁ ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ပေဝက်ခန့်၊ ငဝန်မြစ်ရေ ဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ပေဝက်မှ ၁ ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့် ဖေဖော်ဝါရီလအတွင်းမှာ နိုင်ငံတကာ မိုးလေဝသဌာနများရဲ့ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ အားအနည်းငယ်ရှိတဲ့ လာနီညာ အခြေအနေမှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ လာနီညာဖြစ်စဉ်ဟာ ပစိဖိတ် သမုဒ္ဒရာမှာ ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါလာနီညာဖြစ်စဉ်ကြောင့် အကျိုးသက် ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ ညအပူချိန်များ အနည်းငယ်လျော့နည်းခြင်းနှင့် မိုးရွာသွန်းမှု မူမမှန်ခြင်း စသည့်ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ် လေ့ရှိပါတယ်။

ဖေဖော်ဝါရီလဟာ ဆောင်းရာသီကာလရဲ့ နောက်ဆုံးလ ဖြစ်ပါတယ်။ များသောအားဖြင့် အေးပြီးခြောက်သွေ့တဲ့ ရာသီကာလဖြစ်သော်လည်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မှုများ ရှိနိုင် ပါသေးတယ်။ အဲဒီလို ကာလမျိုးမှာ နောက်ထပ် ကြုံတွေ့နိုင်တဲ့ မိုးလေဝသဖြစ်စဉ်များ အနေနဲ့ ကတော့ နံနက်ပိုင်းအချိန်အခါများမှာ မြူထူများ ကျဆင်းတတ်ခြင်းနဲ့ မြူထူများ ဆိုင်းနေတာ ကြောင့် အဝေးမြင်တာ (၁)မိုင်အောက် လျော့နည်းသွားတတ်တဲ့အတွက် ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ ပြည်တွင်းရေကြောင်း သွားလာရေးတို့မှာ အထူးဂရုပြုကြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မြစ်ရေများ လျော့နည်းလာခြင်းကြောင့် ရေယာဉ်များအနေနဲ့လည်း အထူးသတိပြု မောင်းနှင်သင့် ပါတယ်။

နောက်ထပ်တင်ပြလိုတာကတော့ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသ တွေမှာ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများနဲ့ မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများ ဖြတ်သန်းနိုင်တာကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်မှ လေနွေးများနဲ့ တရုတ်ပြည်မကြီးမှ တိုးဝင်လာတဲ့ လေအေးများ တွေ့ဆုံမှုကြောင့် လည်းကောင်း မိုးအနည်းငယ် ရွာသွန်းနိုင်ပါတယ်။ အဲဒီလိုအချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်တယ်ဆိုရင်ဖြင့် ကြိုတင်သတိပေးချက်များကို အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီလို ထူးခြားတဲ့မိုးလေဝသအခြေအနေများနှင့် ပတ်သတ်၍ ကြိုတင်သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ website ဖြစ်တဲ့ www.moezala.gov.mm သို့လည်း ကောင်း၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ Youtube Channel သို့လည်းကောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ နေပြည်တော်ရှိ အလို အလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့ လည်းကောင်း၊ Call Center 1876(ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ် ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ်ထုတ်လွှင့် လျက်ရှိတဲ့ FMရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင် နိုင်ပါတယ်ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။