၂၀၂၅ ခုနှစ်၊ မတ်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Thu, 6 March 2025

၂၀၂၅ ခုနှစ်၊ မတ်လအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


(မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း)


တင်ပြသူ -  ဦးထက်ဝေထွန်း

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

……………………………………………………………………………....................................

မင်္ဂလာပါခင်ဗျာ-------

၂၀၂၅ ခုနှစ်၊ မတ်လအတွက် မိုးလေဝသနဲ့ဇလဗေဒ ခန့်မှန်းချက်များကို နေပြည်တော်၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာပါ့မယ်ခင်ဗျာ။

လာမည့်မတ်လအတွင်း ဘင်္ဂလားပင်လယ်အော်အခြေအနေများမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ် အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။

မိုးအခြေအနေ ခန့်မှန်းချက်များအနေနဲ့ကတော့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးရွာရက်များ အနေနဲ့ကလည်း တနင်္သာရီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ ၇ ရက်မှ ၁၀ ရက်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၄ ရက်မှ ၆ ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ ၁ ရက်မှ ၃ ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။

လာမယ့် မတ်လဟာ ပူပြင်းခြောက်သွေ့သော နွေရာသီကို ရောက်ရှိလာပြီ ဖြစ်တဲ့အတွက် ညအပူချိန်များအစား နေ့အပူချိန်များနဲ့ ပြောင်းလဲထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်များအနေနဲ့ကတော့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ မတ်လ ပုံမှန်အပူချိန်ရဲ့ ၁.၅ ဒီဂရီဆဲလ်စီးယပ်နဲ့ အထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မတ်လရဲ့ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။

မြူအခြေအနေ ခန့်မှန်းချက်များအနေနဲ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည် နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့မှာ ၁၂ ရက်မှ ၁၈ ရက်ခန့်၊ ပဲခူး တိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်(မြောက် ပိုင်းနဲ့ တောင်ပိုင်း)တို့မှာ ၆ ရက်မှ ၁၁ ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း တို့မှာ ၁ ရက်မှ ၅ ရက်ခန့် နံနက်ပိုင်းမှာ မြူထူများဆိုင်းနိုင်ပါတယ်။

မြစ်ရေအခြေအနေခန့်မှန်းချက်များအနေနဲ့က‌တော့ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ဧရာဝတီ မြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ ၁ ပေခွဲမှ ၃ ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူး မြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ပေဝက်မှ ၁ ပေခန့် လက်ရှိရေမှတ်များထက် မြင့်တက် လာနိုင်ပါတယ်။

ဒုဋ္ဌဝတီမြစ်ရေဟာ ရွှေစာရံနှင့် မြစ်ငယ်မြို့တို့တွင် ၁ ပေမှ ၁ ပေခွဲခန့်၊ စစ်တောင်းမြစ်ရေ ဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ပေဝက်မှ ၁ ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ပေဝက်ခန့်၊  ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ ၁ ပေခွဲခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၁ ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ပေဝက်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၊ သာပေါင်း မြို့နဲ့ ပုသိမ်မြို့တို့မှာ ပေဝက်မှ ၁ ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ပေဝက်ခန့်နဲ့ ဘီးလင်း မြစ်ရေဟာ ဘီးလင်းမြို့မှာ ပေဝက်ခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပြီး၊ မြစ်သာ မြစ်ရေဟာ ကလေးမြို့မှာ ပေဝက်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ပေဝက်ခန့်နဲ့ ပဲခူးမြစ်ရေ ဟာ ဇောင်းတူမြို့မှာ ပေဝက်ခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့်မတ်လအတွင်း နိုင်ငံတကာ မိုးလေဝသ ဌာနများရဲ့ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ အားအနည်းငယ်ရှိတဲ့ လာနီညာအခြေအနေ မှ ပုံမှန်နှစ်တစ်နှစ်သို့ ပြန်လည်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ လာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါလာနီညာဖြစ်စဉ်ကြောင့် အကျိုး သက်ရောက်မှုမှာ ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများတိုက်ခတ်ခြင်း၊ ညအပူချိန် များအနည်းငယ် လျော့နည်းခြင်းနှင့် မိုးရွာသွန်းမှု မူမမှန်ခြင်းစသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါတယ်။

လာမယ့်မတ်လဟာ ပူပြင်းပြီး ခြောက်သွေ့တဲ့ နွေရာသီရဲ့ အစလ ဖြစ်ပါတယ်။ အဲဒီလို ကာလမျိုးမှာ ကြုံတွေ့နိုင်တဲ့ မိုးလေဝသဖြစ်စဉ်များအနေနဲ့ကတော့ နံနက်ပိုင်းအချိန်အခါများမှာ အချို့ဒေသများ၌ မြူထူများကျဆင်းပြီး အဝေးမြင်တာ လျော့ကျနိုင်တာကြောင့် ပြည်တွင်းလေ ကြောင်းပျံသန်းရေး၊ ရေကြောင်းသွားလာရေးနှင့် ကုန်းလမ်းပို့ဆောင်ရေးယာဉ်များ မတော်တဆ ထိခိုက်မှုများ ဖြစ်ပေါ်နိုင်တဲ့အတွက် အထူးဂရုပြုဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဒေသအလိုက် နေ့ အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာတဲ့အတွက် အပူပျံတက်တိမ်များ ဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းအချိန်များမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုး ပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစသည့်  မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါတယ်။ နေ့အပူချိန်များ မြင့်တက်လာနိုင်တဲ့အတွက် အပူ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များလည်း အထူးသတိပြုဖို့ လိုအပ်ပါ တယ်။ သို့ဖြစ်ပါ၍ လာမယ့် မတ်လအတွင်း ပြည်သူများအနေဖြင့် အဆိုပါ မိုးလေဝသဖြစ်စဉ် များကို ပိုမိုဂရုပြုကြဖို့ တင်ပြလိုပါတယ်။ နောက်ကြုံတွေ့ရမယ့် ဖြစ်စဉ်တစ်ခုကတော့ မြစ်ကြီး တွေမှာ မြစ်ရေများ လျော့နည်းနေတဲ့ အခြေအနေရှိတဲ့အတွက် ပြည်တွင်း ရေကြောင်းသွားလာ ရေးအတွက် ဂရုပြုကြရန်လည်း တင်ပြလိုပါတယ်။

အဲဒီလို ထူးခြားတဲ့မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင် သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒညွှန် ကြားမှုဦးစီးဌာနရဲ့ Youtube Channel သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no-5)သို့ လည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်း စာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှာ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယို များမှတစ်ဆင့် မိုးလေဝသနဲ့ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ် ဆိုတဲ့အကြောင်းတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။


ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေခင်ဗျာ။