အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆွေးနွေးပွဲ ကျင်းပ ၊ ဝန်ထမ်းဆန္ဒဖော်ထုတ်ဆွေးနွေး
  • Fri, 1 August 2025

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆွေးနွေးပွဲ ကျင်းပ ၊ ဝန်ထမ်းဆန္ဒဖော်ထုတ်ဆွေးနွေး


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုး ပညာပေးဌာနခွဲ နှင့် စပါးသီးနှံဌာနခွဲ၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆွေးနွေးပွဲ နှင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ဆွေးနွေးခြင်းကို ဩဂုတ်လ(၁)ရက် နံနက်ပိုင်း က နေပြည်တော် ရုံးအမှတ်(၄၃)၌ ကျင်းပပြုလုပ်သည်။


ဆွေးနွေးပွဲတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ညွှန်ကြားရေးမှူးများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာဆောင်ရွက်ချက်များ နှင့် အဂတိ ကင်းရှင်းရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေးပြီး၊ ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများ နှင့်အညီ ဆောင်ရွက်ရေး ၊ နိုင်ငံ့ဝန်ထမ်းဥပဒေပါ ပြဌာန်းချက်များအား တိကျစွာ လိုက်နာရေး၊ တာဝန် ဝတ္တရားများ ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး ၊ ဝန်ထမ်းများ သက်သာချောင်ချိရေး ဆိုင်ရာများကို ဆွေးနွေးပြောကြား ကြသည်။


၎င်းနောက် စိုက်ပျိုး ပညာပေးဌာနခွဲ နှင့် စပါးသီးနှံဌာနခွဲ ဝန်ထမ်းများက ဌာနစိတ်အလိုက် လုပ်ငန်းဆောင်ရွက်ချက်များ နှင့်လိုအပ်ချက်များကို တင်ပြကြရာ တာဝန်ရှိ သူများ က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။