ကျေးရွာသစ်လှုပ်ရှားမှုမွမ်းမံသင်တန်း(၁/၂၀၂၅)ဖွင့်ပွဲနှင့် ကျေးရွာများမှ ဝင်ငွေတိုး ပွါးရေးကဏ္ဍပြပွဲ ကျင်းပ
  • Tue, 21 October 2025

ကျေးရွာသစ်လှုပ်ရှားမှုမွမ်းမံသင်တန်း(၁/၂၀၂၅)ဖွင့်ပွဲနှင့် ကျေးရွာများမှ ဝင်ငွေတိုး ပွါးရေးကဏ္ဍပြပွဲ ကျင်းပ


ကျေးရွာသစ်လှုပ်ရှားမှုမွမ်းမံသင်တန်း(၁/၂၀၂၅)ဖွင့်ပွဲနှင့် စီမံကိန်းဝင်ကျေးရွာများမှ ဝင်ငွေ တိုးပွားရေးကဏ္ဍပြပွဲကို အောက်တိုဘာလ ၂၁ရက်နေ့ နံနက်ပိုင်းက ရေဆင်း ရှိ စိုက်ပျိုး ပညာပေးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း(AERDTC)၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

 သင်တန်းသို့ နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူး ၊ မန္တလေး ၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့မှ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း တာဝန်ခံများ၊ စီမံကိန်းဝင်ကျေးရွာ ၄၄ ရွာမှ ကျေးရွာခေါင်းဆောင်များအပါအဝင် ဝန်ထမ်းနှင့် တောင်သူလယ်သမား သင်တန်းသား(၇၈)ဦး တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာလ ၂၁ ရက် နေ့မှ အောက်တိုဘာ၂၃ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ 

 စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က သင်တန်းဖွင့် အမှာစကားပြောကြားရာတွင် "အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄)ရပ်အနက် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် ရေး၌အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေး ကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုး မွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ(Agro-based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူ တို့၏လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေး ဆိုသော ဦးတည်ချက်ကိုလည်း ချမှတ်ဆောင် ရွက်နေသည်ဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကအကောင်အထည်ဖော်ဆောင်ရွက်နေ သော ကျေးလက်နေပြည်သူများ၏ အခန်းကဏ္ဍသည် များစွာ အရေးကြီးကြောင်း"။

 နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအနေ ဖြင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့၊ နိုင်ငံတော်ဖွံ့ဖြိုးဖို့ပညာရေးကို အားပေးစို့၊ နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဆိုသည့် ဆောင်ပုဒ်(၃)ခုကို ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကျေးရွာ များမှာရှိသော စိုက်ပျိုးရေးနှင့်မွေးမြူရေးထုတ်ကုန်များကိုအဓိကအခြေခံရမှာဖြစ်၍ ကျေးရွာတစ်ရွာ တန်ဖိုးမြှင့်ထုတ်ကုန်တစ်မျိုး ထုတ်လုပ်နိုင်ရေးကိုလည်း ဦးစားပေးဆောင်ရွက်သွားကြရန် တိုက် တွန်းပါကြောင်းနှင့်တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ ဆောင်ရွက်သွားကြရန် ပြောကြားသည်။ 

 ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ် ၊ ဦးသူရစိုး က မြန်မာနိုင်ငံတွင် ကျေးရွာသစ်လှုပ် ရှားမှု စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းဝင် ကျေးရွာများမှ ဝင်ငွေတိုးပွားရေးကဏ္ဍပြပွဲ ၌ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ငကောင်းကံကျေးရွာမှ ထုတ်လုပ်သော စပါးမျိုးစေ့အမျိုးမျိုး၊ ရန်ကုန်တိုင်း ဒေသကြီး ဝဲကြီး ကျေးရွာမှ Recycle အမှိုက်အိတ်နှင့် ဟာလဝါ၊ အုန္နဲကုန်းကျေးရွာမှ ဆပ်ပြာဆီ၊ ပဲခူးမြို့နယ် တောင်သူစုကျေးရွာနှင့် မယင်းရွာမကျေးရွာတို့မှ ဆပ်ပြာဆီအမျိုးမျိုး ၊ ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေး ရွာမှဖိနပ်နှင့်လက်ဆွဲခြင်းအမျိုးမျိုး၊ ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာမှ ထောပတ်သီး၊ နောင်လယ် ကျေးရွာမှ သနပ်ဖက်၊ သာမိုင်းခမ်းကျေးရွာမှ စတော်ဘယ်ရီဝိုင်နှင့် ဂျင်းလက်ဖက်ရည်ထွက်ကုန်၊ တောင်ကြီးမြို့နယ် ဘန်းကန်နှင့်လူရိုးတောင်ကျေးရွာတို့မှ မြန်မာ မျိုးရင်းကြက်သွန်ဖြူ၊ ညောင်စဉ်ကျေးရွာနှင့် ကျောက်စုကျေးရွာတို့မှ ထောပတ်သီးထွက်ကုန်များ ကိုပြသခဲ့ရာ အခမ်းအနားတက်ရောက်လာကြသူများ၊ သင်တန်းသားများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြသည်။ 

ပြပွဲအပြီးတွင် စွမ်းဆောင်ရည်မြှင့်တင်ရေးကဏ္ဍ၊ လူနေမှုပတ်ဝန်းကျင်ဖွံ့ဖြိုးရေးကဏ္ဍ၊ ဝင်ငွေ တိုးပွားရေးကဏ္ဍတို့၌ အကောင်းဆုံးဆောင်ရွက်နိုင်သည့်ကျေးရွာများအား ညွှန်ကြားရေးမှူးချုပ် က ဂုဏ်ပြုဆုချီးမြှင့်ခဲ့သည်။ 

စိုက်ပျိုးရေးဦးစီးဌာန က ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ ကျေးရွာပေါင်း ၂၅၀ ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။