၂၀၂၅ ခုနှစ်၊ ဆောင်းရာသီကာလ ယေဘုယျခန့်မှန်းချက်များနဲ့ နိုဝင်ဘာလ လပတ်အတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်
  • Thu, 6 November 2025

၂၀၂၅ ခုနှစ်၊ ဆောင်းရာသီကာလ ယေဘုယျခန့်မှန်းချက်များနဲ့   နိုဝင်ဘာလ လပတ်အတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်


တင်ပြသူ -  ဦးထက်ဝေထွန်း

   - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

……………………………………………………………………………...................................

မင်္ဂလာပါခင်ဗျာ။


၂၀၂၅ ခုနှစ်၊ ဆောင်းရာသီကာလ ယေဘုယျခန့်မှန်းချက်များနဲ့ နိုဝင်ဘာလ လပတ် အတွက် မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များကို နေပြည်တော်၊ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာပါ့မယ်ခင်ဗျာ။ 

ဆောင်းရာသီကာလ (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ) ယေဘုယျ မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်များကို တင်ပြပါ့မယ်။

ဆောင်းရာသီကာလ ဘင်္ဂလားပင်လယ်အော်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်‌၀န်း (၅)ကြိမ် ဖြစ်ပေါ် နိုင်ပြီး၊ (၃)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန် ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။


ဆောင်းရာသီကာလ မိုးရွာသွန်းမှုခန့်မှန်းချက် အနေနဲ့ကတော့ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး(အောက်ပိုင်း)နဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ ကချင် ပြည်နယ်မှာ ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ 

ဆောင်းရာသီကာလ ညအပူချိန်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ စစ်ကိုင်းတိုင်း ဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ ဆောင်းရာသီကာလ ပုံမှန်အပူချိန်ရဲ့ ၁.၅ ဒီဂရီဆဲလ်စီးယပ်နဲ့ အထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဆောင်းရာသီကာလ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။

မြူအခြေအနေခန့်မှန်းချက်အနေနဲ့လည်း ဆောင်းရာသီကာလအတွင်း ဒေသအလိုက် မြူထူဆိုင်းလေ့ရှိပြီး ကမ်းရိုးတန်းဒေသများ၊ ကုန်းမြင့်နှင့် တောင်တန်းဒေသများတို့တွင် ပိုမို ထူထပ်စွာ မြူထူဆိုင်းတတ်ပါသည်။ 

(မြူအခြေအနေ ခန့်မှန်းချက်များကို လပတ်ခန့်မှန်းချက်များတွင် လအလိုက် ထပ်မံ ထုတ်ပြန်ပေးသွားမည် ဖြစ်ပါသည်။)

မြစ်ရေအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ ၅ ပေမှ ၁၀ ပေခန့်၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၁၅ ပေမှ ၁၉ ပေခန့် လက်ရှိရေမှတ်များ အောက် ကျဆင်းလာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၈ ပေမှ ၁၅ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၇ ပေခွဲခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ၁ ပေခွဲခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၇ ပေမှ ၉ ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့ တို့မှာ ၆ ပေမှ ၉ ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၃ ပေခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူ မြို့နဲ့ ပဲခူးမြို့မှာ ၄ ပေ မှ ၅ ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၇ ပေခန့်၊ သောင်ရင်း မြစ်ရေဟာ မြဝတီမြို့မှာ ၃ ပေခွဲခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ ၁၃ ပေခွဲခန့်၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ၃ ပေမှ ၅ ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၄ ပေခွဲခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ၃ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါ တယ်။

ယခုဆက်လက်ပြီး ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖြစ်ပေါ်နိုင်တဲ့ မိုးလေ၀သနဲ့ ဇလဗေဒ ခန့်မှန်းချက်များကို ဆက်လက်တင်ပြလိုပါတယ်။

ဘင်္ဂလားပင်လယ်အော်အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တို့မှာ လေဖိအားနည်းရပ်ဝန်း (၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၂) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါတယ်။

မိုးအခြေအနေခန့်မှန်းချက် အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး‌အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ပါတယ်။ 

မိုးရွာရက်များ အနေနဲ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့ အရှေ့ပိုင်း)တို့မှာ ၈ ရက်မှ ၁၂ ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့မှာ ၃ ရက်မှ ၇ ရက်ခန့်  မိုးထစ်ချုန်းရွာနိုင်ပါတယ်။

ညအပူချိန်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ  နိုဝင်ဘာလပုံမှန်အပူချိန်ရဲ့ ၁.၅ ဒီဂရီဆဲလ်စီးယပ်နဲ့ အထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့အရှေ့ပိုင်း)တို့မှာ နိုဝင်ဘာလ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။ 

မြူအခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ၁၆ ရက်မှ ၂၀ ရက်ခန့်၊ ကယား ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ၁၁ ရက်မှ ၁၅ ရက်ခန့်နဲ့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့မှာ ၅ ရက်မှ ၁၀ ရက်ခန့်  နံနက်ပိုင်းမှာ မြူထူများ ဆိုင်းနိုင်ပါတယ်။

မြစ်ရေအခြေအနေ ခန့်မှန်းချက် အနေနဲ့ကတော့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေး မြို့၊ စစ်ကိုင်းမြို့နဲ့ မြင်းမူမြို့တို့မှာ ၃ ပေမှ ၆ ပေခွဲခန့်နဲ့ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၇ ပေခွဲခန့်မှ ၁၂ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၄ ပေမှ ၉ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်း လာနိုင်ပါတယ်။ 

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၄ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ၁ ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၄ ပေခွဲမှ ၆ ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့ တို့မှာ ၄ ပေမှ ၅ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၁ ပေခွဲခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူ မြို့နဲ့ ပဲခူးမြို့တို့မှာ ၂ ပေမှ ၄ ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၄ပေခန့်၊ သောင်ရင်း မြစ်ရေဟာ မြဝတီမြို့မှာ ၂ ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ ၉ ပေခန့်၊ သာပေါင်း မြို့နဲ့ ပုသိမ်မြို့တို့မှာ ၂ ပေမှ ၃ ပေခွဲခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၃ ပေခန့်နဲ့ ဘီးလင်း မြစ်ရေဟာ ဘီးလင်းမြို့မှာ ၂ ပေခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမယ့်ဆောင်းရာသီကာလအတွင်း ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်းများနဲ့ မိုးလွန်မုန်တိုင်းများ ဖြစ်ပေါ်နိုင်တာကြောင့် အထူးဂရုပြုစေလိုပြီး၊ အခါလွန်မိုးများ ဆက်လက်ရွာသွန်းနိုင်ပါတယ်။ ထို့အတူ အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများနဲ့ အနောက်ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းများရဲ့ အရှိန်ကြောင့်သော်လည်းကောင်း၊ တောင်တရုတ်ပင်လယ်ပြင်မှ မုန်တိုင်း အကြွင်းအကျန်တိမ်တိုက်များ မြန်မာနိုင်ငံဘက်ဆီသို့ ရွေ့လျားလာခြင်းကြောင့်သော်လည်း ကောင်း၊ တရုတ်ပြည်မကြီးပေါ်မှ ထိုးဆင်းလာတဲ့ လေအေးများနဲ့ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ ရွေ့လျားလာတဲ့လေနွေးများ တွေ့ဆုံမှုကြောင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံအရပ်ရပ်မှာ အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်ပါတယ်။ 

ဒါ့အပြင် မိုးရာသီကုန်ဆုံးပြီး ဆောင်းရာသီကာလသို့ ဝင်ရောက်ပြီဖြစ်တဲ့အတွက် တရုတ် ပြည်မကြီးမှ အားကောင်းတဲ့ လေဖိအားများရပ်ဝန်းရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှာ ညအပူချိန်များ လျော့နည်းနိုင်ပါတယ်။ ထို့အတူ စိုက်ပျိုးရေးလုပ်ငန်းများအနေနဲ့လည်း ကောက်ပဲ သီးနှံ ရိတ်သိမ်းသည့်ကာလ ဖြစ်တဲ့အတွက် အချိန်အခါမဟုတ် မိုးများရွာသွန်းနိုင်တာကြောင့် လည်းကောင်း၊ ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ရေကြောင်းသွားလာရေး လုပ်ငန်းများအနေ နဲ့လည်း ဆောင်းရာသီကာလအတွင်း နံနက်ပိုင်းနဲ့ ညနေပိုင်းတို့မှာ ဖြစ်ပေါ်လေ့ရှိတဲ့ မြူထူများ ထူထပ်စွာကျရောက်တတ်ခြင်း၊ မြန်မာ့ကမ်းရိုးတန်းမှာ အရှေ့လေပြင်းများ တိုက်ခတ်ပြီး လှိုင်း ကြီးတတ်ခြင်း၊ မြန်မာနိုင်ငံရှိ မြစ်ကြီးများမှ မြစ်ရေမှတ်များ ကျဆင်းနိုင်သည့်အတွက် အထူး ဂရုပြုဆောင်ရွက် သွားလာရန် လိုအပ်ပါကြောင်း တင်ပြလိုပါတယ်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်၍ ကြိုတင်သတိပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ၊ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ 

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသ နဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ Facebook သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ Youtube Channel သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက်ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့ လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ် သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အသီးသီးတို့မှ နေ့စဉ် ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှလည်း မိုးလေဝသနဲ့ ဇလဗေဒသတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါ တယ်ဆိုတဲ့ အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေခင်ဗျာ။