စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြင်ဦးလွင်မြို့ရှိ ပိုးချည်ထုတ်လုပ်မှု၊ ဝဥကုန်ချောထုတ်လုပ်မှုနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေး"
  • Fri, 20 March 2026

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပြင်ဦးလွင်မြို့ရှိ ပိုးချည်ထုတ်လုပ်မှု၊ ဝဥကုန်ချောထုတ်လုပ်မှုနှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေး"





၁၉-၃-၂၀၂၆ ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ် စိုက်ပျိုးရေးဦးစီးဌာနသည် ပြင်ဦးလွင်မြို့ရှိ ကောင်းမြန်မာအောင် ကုမ္ပဏီသို့ ငှားရမ်းထားသော ပိုးချည်ထုတ်လုပ် ခြင်းလုပ်ငန်းကို သွားရောက်ပြီး ပိုးစာပင်စိုက်ပျိုးခြင်း၊ ပိုးမွေးမြူခြင်း၊ ပိုးအိမ် ထုတ်လုပ်ခြင်း၊ ပိုးထည်ထုတ်လုပ်ခြင်းလုပ်ငန်းများကို သွားရောက်စစ်ဆေးကာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် လိုအပ်သည့်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။ ထို့နောက် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး ၈ ရှိ မိန်မိန် စားသောက်ကုန်လုပ်ငန်းမှ တင်သွင်း ရောင်းချနေသော ဝဥ ဆန်၊ ဝဥ ခေါက်ဆွဲ၊ ဝဥ ကြာဇံ လုပ်ငန်းလုပ်ကိုင်နေမှုများကို သွားရောက်လေ့လာပြီး  ပြည်တွင်းတွင် စိုက်ပျိုးထွက်ရှိသော ဝဥများကို  မိမိတို့အနေဖြင့် ကုန်ကြမ်းမှ ကုန်ချောအထိထုတ်လုပ်နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန် ဆွေးနွေး ခဲ့ပါသည်၊ ဆက်လက်၍ ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ဒေသ၊ အင်းယားဒေသရှိ ကော်ဖီ စိုက်ပျိူးထုတ်လုပ်မှုအခြေအနေများကို ကော်ဖီနှင့်ရာသီသီးနှံဌာနခွဲ ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာတိုင်းဒေသကြီးဦးစီးမှူးနှင့်အတူ သွားရောက်စစ်ဆေးပြီး ကော်ဖီ စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်စေရန်အတွက် နည်းပညာများ၊ သွင်းအားစုများကို စနစ်တကျ ထည့်သွင်းစေရေးနှင့် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းရှင်များကို မှာကြားခဲ့ ပါသည်။
  ထို့နောက် ၁၉-၃-၂၀၂၆ နေ့လယ်ပိုင်းတွင် ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံး၌  ကော်ဖီခြံများနှင့် ပတ်သက်၍ မြေကြီး မြေပုံမှန်ကန်ရေးအတွက် ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်/မြို့နယ် မြေစာရင်းဦးစီးဌာန ပေါင်းစပ်ညှိုနှိုင်းဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍  ကော်ဖီသုတေသနနှင့် နည်းပညာပြန့်ပွားရေးဗဟိုဌာန ကျောက်လမ်းခင်းခြင်းများ လုပ်ငန်းများအား ကြည့်ရှူစစ်ဆေးပြီးနောက် ပြင်ဦးလွင်ကော်ဖီဥယျာဉ်နှင့်ပတ်သက်ပြီး လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်သည် မြန်မာ-ခါနန် သင်တန်းကျောင်းသို့ သွားရောက်၍ လိုအပ်သည်များ မှာကြားပြီး ၎င်းနောက် ပိုးချည်စက်ရုံသို့သွားရောက်ကာ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဝန်ထမ်းအိမ်ရာများ သန့်ရှင်းရေး ၊ စနစ်တကျ နေထိုင်ရေးနှင့် လုပ်ငန်းများစနစ်တကျဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။