စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနမှ သုတေသနဆိုင်ရာ ညှိနှိုင်းအစည်းအဝးကျင်းပပြုလုပ်ခြင်း
  • Fri, 20 March 2026

စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့်အပင်ဇီဝနည်းပညာဌာနမှ သုတေသနဆိုင်ရာ ညှိနှိုင်းအစည်းအဝးကျင်းပပြုလုပ်ခြင်း







စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ အနေဖြင့် သုတေသနများ ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ (၁၆)ကြိမ်မြောက် လစဉ် ဥယျာဉ်ခြံ သီးနှံများသုတေသနဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကို (၂၀-၃-၂၀၂၆)ရက်နေ့တွင် ကျင်းပခဲ့ပြီး အဆိုပါ ဆွေးနွေးပွဲတွင် ဌာနခွဲအောက်ရှိ နည်းပညာပြန့်ပွားရေး ဆောင်ရွက် နေသည့် ခြံများဖြစ်သော မြစ်ကြီးနား၊ ပုပ္ပါး၊ မိုင်းအင်၊ အပင်ဇီဝနည်းပညာ ဗဟိုဌာန (Biotech)၊ ရိတ်သိမ်းချိန်လွန်နည်းပညာဗဟိုဌာန(PHRI)တို့မှ သီးနှံအထွက်နှုန်း တိုးတက် စေရေးသုတေသနလုပ်ငန်းများ၊ အရည်အသွေးကောင်းသီးနှံများ ထုတ်လုပ်နိုင်စေရေး သုတေသလုပ်ငန်းများ၊ ဝဥစိုက်ပျိုးထုတ်လုပ်ခြင်း၊ ပန်းမျိုးသစ်ရှာဖွေစုဆောင်းခြင်း သုတေသနလုပ်ငန်းများ၊ ရိတ်သိမ်းချိန်လွန်သုတေသနလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြခဲ့ကြပါသည်။