၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးတွင် Rice Export Zone လုပ်ငန်းဆောင်ရွက်မည့် တိုင်းဒေသကြီးများသို့ ကွင်းဆင်းဆွေးနွေးဆောင်ရွက်မှုအခြေအနေ
  • Fri, 20 March 2026

 ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးတွင် Rice Export Zone လုပ်ငန်းဆောင်ရွက်မည့် တိုင်းဒေသကြီးများသို့ ကွင်းဆင်းဆွေးနွေးဆောင်ရွက်မှုအခြေအနေ




 စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် (တိုင်းဒေသကြီး/ ပြည်နယ်) ဦးသူရစိုး  ဦးဆောင်၍ စပါးသီးနှံဌာနခွဲမှ ဦးစိုးမိုး၊  ညွှန်ကြားရေးမှူး (တာဝန်) နှင့် စိုက်ပျိုးပညာပေးဌာနခွဲမှ  ဒေါက်တာမျိုးကျော်သူ ၊ ဒုတိယညွှန်ကြားရေးမှူး တို့သည်   Rice Export Zone  ဆောင်ရွက်မည့် တိုင်းဒေသကြီးများသို့ သွားရောက်၍ လုပ်ငန်း အကောင် အထည်ဖော်ရေးစီမံချက်အား   တိုင်းဒေသကြီး၊ ခရိုင် ၊ မြို့နယ်အဆင့် Rice Export Zone လုပ်ငန်းကြီးကြပ်မှုကော်မတီများ၊ Exporter များအား ရှင်းလင်းဆွေးနွေးခြင်းကို ၅-၃-၂၀၂၆ ရက်နေ့မှစတင်၍  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး နှ၍့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တို့တွင် ဆောင်ရွက်ခဲ့ပါသည်။