ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေး သရုပ်ပြပွဲပြုလုပ်
  • Mon, 23 March 2026

ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူနည်းပညာပေး သရုပ်ပြပွဲပြုလုပ်


မန္တလေး မတ် ၁၂ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေး ရွာ(၅၇ဝ ခ)ကွင်း၊ ရှင်းလင်း ဆောင်၌ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထိန် က ပန်းတိုင်အထွက်နှုန်းရရှိစေ ရေးအတွက် တောင်သူနည်းပညာ ပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါ ရှင်း လင်းဆောင်တွင် ပြုလုပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး စိုက် ပျိုးရေးဦးစီးမှူး ဦးဝင်းထိန်က တောင်သူများအတွက် စိုက်ပျိုး ရေးလုပ်ငန်းနှင့် ပတ်သက်သော မျိုး၊ မြေ၊ ရေ၊ နည်း နည်းပညာ အား လိုက်နာဆောင်ရွက်ရန်နှင့် (၈)တန်းသွား ကောက်စိုက်စက် များနှင့် စိုက်ပျိုးစေခြင်းဖြင့် စပါး သီးနှံများ၏ ပန်းတိုင်အထွက် နှုန်းရရှိမည့် နည်းပညာများကို အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီး မှူး ဦးဝင်းထိန်၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးမှူး၊ ခရိုင် ဦးစီးမှူး၊ ခရိုင်၊ မြို့နယ်၊ စိုက်ပျိုး ကြီးကြပ်မှု အဖွဲ့ဝင်များအပြင် မြို့နယ်စိုက်ပျိုးရေး၊ စက်မှုလယ် ယာဦးစီးဌာန၊ ဆည်မြောင်းဦးစီး ဌာနမှ ဝန်ထမ်းများ ဖိတ်ကြား ထားသော ကုမ္ပဏီဝန်ထမ်းများ၊ တောင်သူဦးကြီးများ စုစုပေါင်း ၇၈ ဦး တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။