ချင်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်
  • Fri, 3 April 2026

ချင်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်



    ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပေးအပ်သော ပညာသင်ထောက်ပံ့ငွေများအား စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများ၏ သားသမီးများအား ပေးအပ်သည့် “ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား”ကို ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ချင်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

    စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်၊ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဝင်းအောင်၊ ပြည်နယ်ငွေစာရင်းဌာနခွဲမှ ဦးစီးအရာရှိ ဦးဝင်းအောင်တို့မှ ထောက်ပံ့ပေးအပ်ခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများဖြစ်သော အခြေခံပညာသင်ကြားနေသူ (၃၈) ဦးအတွက် တစ်ဦးလျှင် ၅၀,၀၀ဝ ကျပ်နှုန်းဖြင့် ငွေကျပ် ၁,၉၀၀,၀၀ဝ ကိုလည်းကောင်း၊ အဆင့်မြင့်ပညာသင်ကြားနေသူ(၃)ဦးအတွက် တစ်ဦးလျှင် ၃၀၀,၀၀ဝ ကျပ်နှုန်းဖြင့် ငွေကျပ် ၉၀၀,၀၀ဝ ကိုလည်းကောင်း ချီးမြှင့်ပေးအပ်ပြီး ကျောင်းသား၊ကျောင်းသူ(၄၁)ဦးအတွက် စုစုပေါင်း ထောက်ပံ့ချီးမြှင့်ငွေကျပ်  ၂,၈၀၀,၀၀ဝ ဖြစ်ပါသည်။

    ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်ကျော်မှ နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ပညာသင်ထောက်ပံ့ငွေများအား အကျိုးရှိစွာ အသုံးပြုကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ထမ်းများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။