မအူပင်မြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး ကွင်းသရုပ်ပြပွဲကျင်းပ
  • Fri, 3 April 2026

မအူပင်မြို့နယ်၌ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး ကွင်းသရုပ်ပြပွဲကျင်းပ



စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးဆောင်မှုဖြင့်  ဧရာဝတီတိုင်း.ဒေသကြီး၊ ..မအူပင်..မြို့နယ်၊ ဝါးတော/ထနီဒေါင့် ကျေးရွာ၊ ကွင်း/ဦးပိုင်အမှတ်. ၉၅၇၊ ၅၄/၂၊ တောင်သူ ..ဦးစန်းမြင့်..၏ စပါးသီးနှံ (၁၀) ဧက စိုက်ခင်းတွင် တောင်သူများပါဝင်သော ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်သည့် သီးနှံများစိုက်ပျိုးထုတ် လုပ်နိုင်ရေးအတွက် စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းပြီး သည်အထိ စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ လိုက်နာကျင့်သုံးခြင်း၊ သီးနှံစိုက်တောင် သူများ အနေဖြင့် မိမိတို့၏ စိုက်ခင်းတွင် ပိုးမွှား၊ ရောဂါ၊ ပေါင်းကျရောက် မှုအား အမြဲမပြတ်ကြိုတင်ကင်းထောက်စစ်ဆေးခြင်း၊ အပင်သက်တမ်းအလိုက် ကျရောက် တတ်သော ဖျက်ပိုးများအား ဘက်စုံကာကွယ်နှိမ်နင်းနည်းများအသုံးပြု၍ကာကွယ်နှိမ်နင်းခြင်း၊ ပိုးသတ်ဆေးကိုလိုအပ်မှ သာ အသုံးပြုခြင်း၊ ပိုးသတ်ဆေးအုပ်စု တစ်မျိုးထဲကို ဆက်တိုက်မသုံးစွဲဘဲ အခြား ပိုးသတ်ဆေးအုပ်စုများနှင့် အလှည့် ကျပြောင်းလဲအသုံးပြုခြင်း၊ သုံးစွဲမှုအကြိမ်အရေအတွက် လျော့ချခြင်း၊ အဝါရောင်နှင့် အပြာ ရောင်ပိုး ဖမ်းထောင် ခြောက်များအသုံးပြုခြင်း၊ ပိုးသတ်ဆေးဖျန်းပြီးနောက် သီးနှံ ရိတ်သိမ်း /ခူးဆွတ်ရန် စောင့်ဆိုင်းရမည့် ကာလ (Pre  Harvest Interval – PHI) တို့အား တိကျစွာလိုက်နာ၍ ပညာပေးစံပြကွက် ဆောင်ရွက်ခဲ့သည့်အပေါ် တောင်သူများ လိုက်နာ လက်ခံကျင့်သုံးနိုင်ရေးအတွက်  (၃-၄-၂၀၂၆) ရက်နေ့ နံနက်ပိုင်း က ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့သည်။ 


အဆိုပါ ကွင်းသရုပ်ပြပွဲသို့ စိုက်ပျိုရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းနှင့် ပညာရှင်ဝန်ထမ်းများ၊ မအူပင်ခရိုင်နှင့်မြို့နယ်ဦးစီးမှူးများ၊ ပညာပေးဝန်ထမ်းများ၊ စပါးသီးနှံစိုက်တောင်သူစုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ရာ နည်းပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပြီး ထွက်ရှိလာသောသီးနှံများ၏ ပိုးသတ်ဆေး ဓာတ်ကြွင်း ပါဝင်မှုအား စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံ ကာကွယ်ရေးဌာနခွဲ၏ ISO/IEC 17025 နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရရှိထားသော စိုက်ပျိုးရေး ထွက်ကုန်များ စစ်ဆေးရေးဓာတ်ခွဲခန်း တွင် စမ်းသပ်စစ်ဆေး မှုများပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ပညာပေးစံပြကွက်များအား တိုင်းဒေသကြီး နှင့် ပြည်နယ် (၇) ခုတို့တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။


၎င်းနောက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်စိုက်ပျိုးရေးရုံးနှင့် မြို့နယ်စိုက်ပျိုးရေးရုံးမှ ဝန်ထမ်း များနှင့် တွေ့ဆုံကာ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။