သဘာဝမြေဩဇာနှင့် မြေပြုပြင်မြေဩဇာများ စနစ်တကျအသုံးပြုနိုင်ရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲ
  • Mon, 11 May 2026

သဘာဝမြေဩဇာနှင့် မြေပြုပြင်မြေဩဇာများ စနစ်တကျအသုံးပြုနိုင်ရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲ


သဘာဝမြေဩဇာနှင့် မြေပြုပြင်မြေဩဇာများ စနစ်တကျအသုံးပြုနိုင်ရေးဆိုင်ရာ ပညာပေးဆွေးနွေးပွဲနေပြည်တော် မေ ၉စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မကွေးမြို့နယ်အတွင်းရှိ ဆိပ်သာဆိုလာစနစ်ရေတင်စီမံကိန်းကို ကြည့်ရှုစစ်ဆေးပြီး၊ အောင်လံမြို့နယ် တောင်သူပညာပေးစခန်းနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း ခန်းမ၌ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံကာ ဝါမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။ထို့နောက် အောင်လံမြို့နယ် ကျီရပ်ကုန်းကျေးရွာအုပ်စုရှိ ၁၅၅ ဧက အကွက်ကျယ် စံပြကွက်တွင် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ညနေပိုင်းတွင် ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချ၍ သဘာဝမြေဩဇာနှင့် မြေပြုပြင်မြေဩဇာများ စနစ်တကျ အသုံးပြုနိုင်ရေး ပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးခဲ့ပြီး တောင်သူများကို ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်