၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးရာသီတွင် ဆောင်ရွက်နေသည့် ဆန်စပါး စိုက်ပျိုးရေးဇုန် (Rice Export Zone) အကောင်အထည်ဖော်ဆောင်ရွက်မှု နှင့် ဆက်စပ်လုပ်ငန်းများ ဆွေးနွေးမည့် အစည်းအဝေးဆောင်ရွက်ခဲ့မှုအခြေအနေ
  • Sat, 16 May 2026

 ၂၀၂၅-၂၀၂၆ခုနှစ် နွေစပါးရာသီတွင် ဆောင်ရွက်နေသည့်  ဆန်စပါး စိုက်ပျိုးရေးဇုန် (Rice Export Zone) အကောင်အထည်ဖော်ဆောင်ရွက်မှု နှင့် ဆက်စပ်လုပ်ငန်းများ  ဆွေးနွေးမည့် အစည်းအဝေးဆောင်ရွက်ခဲ့မှုအခြေအနေ


၂၀၂၆ ခုနှစ်၊ မေလ(၇) ရက်နေ့၊ နေ့လည်(၁)နာရီတွင် စိုက်ပျိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် (ရုံးခန်း) ၌ ပြုလုပ်သော ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေးဇုန် (Rice Export Zone)များ အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်ဆက်စပ်လုပ်ငန်းများ ဆွေးနွေးသည့် အစည်း အဝေးအား  Physical  & Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးအား စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (နည်းပညာ) ဦးဆောင်၍ ဆွေးနွေးခဲ့ပြီး၊ ညွှန်ကြားရေးမှူး (စိုက်ပျိုးပညာပေးရေးဌာနခွဲ)၊  ညွှန်ကြားရေးမှူး(မျိုးစေ့ဌာနခွဲ)၊ ညွှန်ကြားရေးမှူး (စပါးသီးနှံဌာနခွဲ)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(ဥက္ကဌ)၊ စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများ အားလုံး၊ Rice Export Zone  ဆောင်ရွက်လျက်ရှိသော နေပြည်တော်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ တိုင်းဒေသကြီးတို့မှ  Rice Export Zone   တာဝန်ခံများ ၊ ဒုတိယညွှန်ကြားရေးမှူး (စိုက်ပညာ၊ စပါး) တို့နှင့် Rice Export Zone  သက်ဆိုင်သည့်  အခြားတာဝန်ရှိသူများ အသီးအသီး တက်ရောက် ဆွေးနွေးခဲ့ပါသည်။