စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တွင် မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် (စပါး၊ ဝါ၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်း)မျိုးကောင်းမျိုးသန့်များနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) များအား တောင်သူများထံသို့ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား
  • Thu, 21 May 2026

စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်တွင် မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက်  (စပါး၊ ဝါ၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်း)မျိုးကောင်းမျိုးသန့်များနှင့် မျိုးစေ့ချကိရိယာ (Drum Seeder) များအား တောင်သူများထံသို့ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား


စိုက်ပျိုးရေးဦးစီးဌာန ၊ စစ်ကိုင်းခရိုင် ၊ စစ်ကိုင်းမြို့နယ်တွင်  မိုးသီးနှံ ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် (စပါး ၊ ဝါ ၊ ပဲတီစိမ်း ၊ နေကြာ ၊ နှမ်း) မျိုးကောင်းမျိုးသန့်များ နှင့် မျိုးစေ့ချကိရိယာ (Drum Seeder)များအား တောင်သူများထံသို့ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို (၈.၅.၂၀၂၆) ရက်နေ့တွင် စိုက်ပျိုးရေးဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးရုံး ၊ မြတ်ဇေယျာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ နိုင်ငံတော်အနေဖြင့် စိုက်ပျိုးရေး ၊ မွေးမြူရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ၊ စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်ပြီး စိုက်ပျိုးရေး၊  မွေးမြူရေး လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာထုတ်လုပ်နိုင်ရေး ၊ လယ်ယာကဏ္ဍကုန်ထုတ်စွမ်းအား မြင့်မား လာရေး ၊ တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေး ၊ ဘေးကင်လုံခြုံပြီး ၊ အာဟာရပြည့်ဝသော စားရေရိက္ခာများ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီ ပေးလျက်ရှိပါကြောင်း ၊ ဒေသခံတောင်သူများအနေဖြင့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး အတွက် လိုက်နာဆောင်ရွက်ရမည့်နည်းလမ်းများအား လိုက်နာဆောင်ရွက်မည်ဆိုပါက သီးနှံများအထွက်တိုးပြီး တိုင်ဒေသကြီးလယ်ယာစိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးမှ သီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များပြောင်းလဲစိုက်ပျိုးသုံးစွဲရန် ၊ စနစ်တကျ မြေပြုပြင်ရန် ၊ ‌ရေလိုအပ်ချိန်တွင် ရေပေးနိုင်ရန် ၊ အထွက်တိုးနည်းပညာများကို လိုက်နာ ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းပြီး အာဟာရပြည့်ဝသော လယ်ယာထွက်ကုန်းများ ရရှိရန် အတွက် မြေများတွင်ပါဝင်သော အာဟာရဓာတ်များကို စစ်ဆေးရန် ၊ သွင်းရေတွင်ပါဝင်သော အာဟာရ ဓာတ်များကိုစစ်ဆေးရန် ပြောကြားခဲ့ပါသည်။ မိုးသီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် (စပါး ၊ ဝါ ၊ ပဲတီစိမ်း ၊ နေကြာ ၊ နှမ်း) မျိုးကောင်းမျိုးသန့်များနှင့် မျိုးစေ့ချ ကိရိယာ (Drum Seeder) များအား တောင်သူများထံသို့ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တိုင်း ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း (၆၀)ဦး နှင့် တောင်သူ (၃၀၀) ဦး တက်ရောက်ခဲ့ပါကြောင်း တင်ပြအပ်ပါသည်။