ကလေးမြို့နယ်ရှိ နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း စုပေါင်းမျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲ
  • Thu, 21 May 2026

ကလေးမြို့နယ်ရှိ နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း စုပေါင်းမျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲ


    (၁၀.၅.၂၀၂၆)ရက်နေ့ နံနက်ပိုင်းတွင် ကလေးမြို့ မင်္ဂလာဥယျာဉ်ရပ်ကွက်ရှိ တောင်သူ ဦးအဲလင်း၏ နွေစပါး ဆင်းသုခ မျိုးစေ့ထုတ်စိုက်ခင်းအတွင်း စုပေါင်း မျိုးကွဲပယ်ခြင်း ကွင်းသရုပ်ပြပွဲကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် တိုင်းအဆင့်ဝန်ကြီးများ ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများမှ တက်ရောက် လာသော စပါး ၊ နေကြာ ၊ ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်သူ တောင်သူ(၅၀)ဦးအား တွေ့ဆုံ ဆွေးနွေးလမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် တောင်သူများ၏ ဆွေးနွေးတင်ပြချက် များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ရွက်ဖြန်းအားဆေးများ ၊ ဟင်းသီး ဟင်းရွက် မျိုးစေ့ထုတ်များ ၊ သဘာဝပိုးပြေးဆေးများ ပေးအပ်ခဲ့ပါကြောင်း သိရသည်။