၂၀၂၆ − ၂၀၂၇ ခုနှစ် မိုးသီးနှံ(ချည်မျှင်ရှည်ဝါ၊မတ်ပဲ၊နေကြာ) ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးစေ့များဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကျင်းပ
  • Fri, 22 May 2026

၂၀၂၆ − ၂၀၂၇ ခုနှစ် မိုးသီးနှံ(ချည်မျှင်ရှည်ဝါ၊မတ်ပဲ၊နေကြာ) ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးစေ့များဖြန့်ဖြူးပေးအပ်ခြင်း အခမ်းအနားကျင်းပ


          စစ်ကိုင်းတိုင်းဒေသကြီး၊   စိုက်ပျိုးရေးဦးစီးဌာန၊   တိုင်းဒေသကြီးဦးစီးမှူးရုံး၌၂၀၂၆-၂၀၂၇ ခုနှစ် မိုးသီးနှံ(ချည်မျှင်ရှည်ဝါ၊မတ်ပဲ၊နေကြာ) ပန်းတိုင်အထွက်နှုန်း  ရရှိရေးအတွက် မျိုးစေ့များ ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို(၁၂.၅.၂၀၂၆)ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည်။ ပေးအပ်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးမှ ချည်မျှင်ရှည်ဝါ ပန်းတိုင်အထွက်နှုန်းရရှိရေး လိုက်နာ ဆောင်ရွက်ရမည့် စိုက်ပျိုးနည်းစနစ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။ တိုင်းဒေသကြီး ဦးစီးမှူးရုံးဝန်းအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန ပညာပေးပြခန်း (မြေအသုံးချ၊ ပိုးမွှားရောဂါကာကွယ်ရေး၊  မျိုးစေ့) နှင့်ပျားမွေးမြူရေးပြခန်း၊သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲ  နည်း၊ ဇီဝမီးသွေးထုတ်လုပ်ခြင်းနှင့် စပါးခွံပေါင်းခံရည် ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲများအား လက်တွေ့ ပြုလုပ် ပြသခဲ့ရာ တက်ရောက်လာသူများမှ ကြည့်ရှုလေ့လာခဲ့ပါသည်။ပေးအပ်ပွဲသို့တိုင်း/ခရိုင်/မြို့နယ်များမှဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင် နှင့် ယင်းမာ  ပင် ခရိုင်အတွင်းရှိ ကျေးရွာပေါင်း (၄၇) ရွာမှ တောင်သူပေါင်း (၃၂၁) ဦးတက်ရောက်ခဲ့ပါသည်။