ခန္တီးခရိုင် ၊ ခန္တီးမြို့နယ် ၊ ပေါမိုင်းအုပ်စု ၊ သာစည်ကျေးရွာတွင်ပြုလုပ်သော (EM) ဖြင့် သဘာဝမြေဆွေးပုံ ပြုလုပ်ခြင်းကွင်းသရုပ်ပြပွဲ ဆောင်ရွက်မှုမှတ်တမ်းတင်ပြခြင်း
  • Fri, 22 May 2026

ခန္တီးခရိုင် ၊ ခန္တီးမြို့နယ် ၊ ပေါမိုင်းအုပ်စု ၊ သာစည်ကျေးရွာတွင်ပြုလုပ်သော (EM) ဖြင့် သဘာဝမြေဆွေးပုံ ပြုလုပ်ခြင်းကွင်းသရုပ်ပြပွဲ ဆောင်ရွက်မှုမှတ်တမ်းတင်ပြခြင်း


လက်ရှိအခြေအနေတွင် ဓာတ်မြေဩဇာများ ရရှိရေးနှင့်သယ်ယူပို့ဆောင်ရေး အခက်အခဲ ရှိသဖြင့် ဓာတ်မြေဩဇာအစား သဘာဝမြေဩဇာများကို တောင်သူများ တွင်ကျယ်စွာ အသုံးပြု လာစေရေးနှင့် ရေရှည်တည်တံ့သောစိုက်ပျိုးရေးကို ဦးတည်ဆောင်ရွက်လာ နိုင်စေရေးတို့ အတွက် သဘာဝမြေဩဇာ/မြေဆွေးပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲကို (၁၄.၅.၂၀၂၆) ရက်နေ့၌ ပေါမိုင်းအုပ်စု၊ သာစည်ကျေးရွာတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါကွင်းပြပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူးဒေါ်စုစုခိုင်က သဘာဝ မြေဆွေး ပြုလုပ်သုံးစွဲနည်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။ လက်ထောက်ဦးစီးမှူး ဒေါ်မိုးမိုးပိုင်က လက်ရှိအသုံးပြုနေသော မြေဩဇာ အမျိုးအစားများနှင့်အကျိုးသက်ရောက်မှုများအားလည်းကောင်း ၊ ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်နန်းထွေးက EM ဘိုကာရှီ အမှိုက်ပုံးပြုလုပ်သုံးစွဲနည်းအားလည်းကောင်း ၊ ဒေါ်မိုးမိုးကြည်က သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်း နည်းပညာများအားလည်ကောင်း ၊ ဒေါ်မှုံနံ့သာခင်က သဘာဝ မြေဩဇာများနှင့် ပြုလုပ်သုံးစွဲနည်းများအားလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ဒုတိယလက်ထောက်ဦးစီးမှူး ဦးဝင်းအောင်က လယ်ယာစွန့်ပစ်ပစ္စည်းများအား EM ဘိုကာရှီပြုလုပ်သုံးစွဲနည်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသောတောင်သူများအား လက်တွေ့ပြသဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ တက်ရောက်လာသောတောင်သူများအား  Yellow Sticker များနှင့် နည်းပညာပေး လက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ပါသည်။