စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သာယာဝတီ)အား ကောလိပ်အဆင့်မြှင့်တင်သွားမည်
  • Sun, 9 August 2026

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သာယာဝတီ)အား ကောလိပ်အဆင့်မြှင့်တင်သွားမည်


    စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သာယာဝတီ)အား ကောလိပ်အဆင့်သို့ မြှင့်တင်သွားမည်ဖြစ်ရာ လိုအပ်သည့်အကြိုလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ စာတွေ့လက်တွေ့သင်ကြား သင်ယူရေးဆိုင်ရာ လုပ်ငန်းများကိုကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားသည်။
    ထို့ပြင်စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ(သာယာဝတီ/ထားဝယ်/ကျောက်တော်)ကျောင်းများမှဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား သီးခြားဆီတွေ့ဆုံ၍ ရေရှည်တည်တံ့သော သင်ကြားရေးလုပ်ငန်းများ ဆောက်ရွက်နိုင်ရေးအတွက် မျိုးဆက်သစ်များအား စည်းရုံးလက်တွဲခေါ်ယူ၍ လက်ဆင့်ကမ်းပြုစု ပျိုးထောင်နိုင်ရေးကြိုးပမ်းသွားကြရန် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသည့် ကျွမ်းကျင်သော လူသားအရင်း၏အမြစ်များအဖြစ် အကျိုးပြုနိုင်ရေး ကြိုးစားဆောင်ရွက်ကြရန်၊ ပညာသင်ယူမှုကာလ ပြီးဆုံးပါက မိမိဘဝတိုးတက်ရေးနှင့်အတူ တောင်သူများအားနီးနီးကပ်ကပ်အကျိုးပြုနိုင်ရေး၊ နိုင်ငံ၏လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံပါဝင် ကြိုးပမ်းနိုင်ရေးကိုပါ ထည့်သွင်းစဉ်းစာပြီး လုပ်ငန်းခွင်ရွေးချယ်မှုမှန်ကန်ရေး ဂရုပြုကြရန် အားပေးစကားပြောကြားခဲ့သည်။
ညနေပိုင်းတွင် သုံးဆယ်တမံ ဆည်ရည်သောက်အတွင်းရှိတစ်ဆက်တစ်စပ်တည်း ဧက(၁၀၀) ပေါ်ဆန်းမွှေး မိုးစပါးစိုက်ကွင်းကို ကြည့်ရှုစစ်ဆေးပြီး ဒေသ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေးတို့နှင့်စပ်လျဉ်း၍ တာဝန်ရှိသူများတောင်သူများအား ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။