တားမြစ်ထားသည့်ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အသိပေးဆွေးနွေးပွဲဆောင်ရွက်ခြင်း
  • Mon, 31 August 2026

တားမြစ်ထားသည့်ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အသိပေးဆွေးနွေးပွဲဆောင်ရွက်ခြင်း


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်တိုင်း စိုက်ပျိုးရေးဦးစီး ဌာနက ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်အတွင်းရှိ မြို့နယ်များမှ ပိုးသတ်ဆေးအရောင်းဆိုင်များ အား တားမြစ်ထားသည့်ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်းဆွေးနွေးပွဲကို ၂၇-၈-၂၀၂၆ ရက်နေ့၊ နံနက် ၉ နာရီခွဲက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အသီးသီးမှ စိုက်ပျိုးကြီးကြပ်ရေးကော်မတီဝင်များ ပိုးသတ်ဆေး အရောင်းဆိုင်များမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

အဆိုပါအခမ်းအနားတွင် နေပြည်တော်တိုင်းစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးကျော်ကျော်ဦးက တားမြစ်ထားသည့်ပိုးသတ်ဆေးများနှင့်စပ်လျဉ်း၍ အသိပေးရှင်းလင်းဆွေး နွေးပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်း တားမြစ်ထား သည့်ဓာတုပိုးသတ်ဆေးများသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုးများနှင့် အန္တရာယ်များကိုရှင်းလင်းပြောကြားပြီး တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ပြည့်ဖြိုးဝေက တားမြစ်ထားသည့် ပိုးသတ်ဆေးများနှင့် ပိုးသတ်ဆေးသုံးစွဲခြင်းကြောင့် သီးနှံအလိုက် ပိုးသတ် ဆေးဓာတ်ကြွင်းကျန်ရှိမှုအခြေအနေများနှင့် ပိုးသတ်ဆေးသုံးစွဲခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များကို အသိပညာပေးဆွေးနွေးကာ တက်ရောက်လာကြသူများ၏ မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ပြီး အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများမှ ခမ်းကျင်းပြသထားသော တားမြစ်ထားသည့်ပိုးသတ်ဆေးများနှင့် ပိုးသတ်ဆေးဆိုင်ရာဥပဒေ၊ နည်းဥပဒေစာအုပ်များကို လေ့လာကြည့်ရှု့ခဲ့ကြောင်းတင်ပြအပ်ပါသည်။