စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဝင်ပေါက်ရာထူးနေရာများ ခန့်ထားရေး လျှောက်လွှာခေါ်ယူခြင်း
  • Wed, 4 November 2026

စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဝင်ပေါက်ရာထူးနေရာများ ခန့်ထားရေး လျှောက်လွှာခေါ်ယူခြင်း


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာန

လျှောက်လွှာခေါ်ယူခြင်း
ကြော်ငြာစာအမှတ်-  ၂ /၂၀၂၆

၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်( ၈   )ရက်
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (  ၃   )ရက်

၁။    စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင် လစ်လပ်လျက် ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်-
    
စဉ်    ရာထူး/လစာနှုန်း(ကျပ်)             လစ်လပ်နေရာ    ပညာအရည်အချင်း
(က)    ဒုတိယဦးစီးမှူး(စိုက်ပညာရှင်)
           (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀)    ( ၇၀ )နေရာ      B.Agr.Sc ဘွဲ့ရ
( ခ )    ဒုတိယလက်ထောက်ဦးစီးမှူး
           (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)    (၃၀၀)နေရာ    B.Agr.Sc ဘွဲ့ရ /Dip.Agri အောင်လက်မှတ်ရ


၂။    လျှောက်ထားသူသည်-


(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
( ခ )    ၃၁-၁၂-၂၀၂၆ ရက်တွင် အသက်(၃၀)နှစ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
( ဂ )    မဟာဘွဲ့ရပြီးသူများအတွက် အသက်(၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရမည်။
(ဃ)    ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ပုံစံ(၁၂) ရရှိပြီးသူများသည် သတ်မှတ်ချက်များနှင့်ကိုက်ညီပါက ဌာနမှသတ်မှတ်အသက်ထက်(၃)နှစ်တိုးမြှင့်၍ လက်ခံ ပေးမည်ဖြစ်ပါသည်။
( င )    B.Agr.Sc ဘွဲ့ရများအနေဖြင့် ဖော်ပြပါ ရာထူး(၂)မျိုးအတွက် သတ်မှတ်ချက်နှင့်ကိုက်ညီ ပါက လျှောက်လွှာ(၂)စောင် လျှောက်ထားနိုင်ပါသည်။
( စ )    အမှတ်စဉ်(ခ)ရာထူးအတွက် လက်ရှိ စိုက်ပျိုးရေးဦးစီးဌာန နေ့စားဖြစ်ပါက အသက် ကန့်သတ်ချက် လျော့ပေါ့စဉ်းစားပေးမည်။
(ဆ)    အမှတ်စဉ်(က)ရာထူးအတွက် အနည်းဆုံးလုပ်သက်တစ်ဆက်တည်း(၅)နှစ်နှင့် အမှတ်စဉ် (ခ)ရာထူးအတွက် အနည်းဆုံး လုပ်သက်တစ်ဆက်တည်း (၃)နှစ် တာဝန်ထမ်းဆောင်နိုင် သူဖြစ်ရမည်။ 
( ဇ )    ကျန်းမာရေးကောင်းမွန်ပြီး ဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(ဈ )    အစိုးရဌာနတစ်ခုခု၏ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှထုတ်ပယ်ခြင်း (Removal) ခံရသူများ လျှောက်ထားခွင့်မရှိပါ။

၃။    လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများပူးတွဲလျက် စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးအမှတ်(၄၃)၊ နေပြည်တော်သို့ ၁၇-၁၂-၂၀၂၆ ရက်အရောက် ပေးပို့လျှောက်ထား ရမည်-

(က)    ပညာအရည်အချင်းအောင်လက်မှတ်မိတ္တူ (လူတွေ့စစ်ဆေးသည့်အခါ မူရင်းတင်ပြရန်)
( ခ )    အခြေခံပညာအထက်တန်းအောင်လက်မှတ်မိတ္တူ(လူတွေ့စစ်ဆေးသည့်အခါ မူရင်းတင်ပြရန်)
( ဂ )    (၁)လအတွင်း သက်ဆိုင်ရာ ရဲစခန်း၏ပြစ်မှု၊ မှုခင်းကင်းရှင်း ကြောင်းထောက်ခံချက်မူရင်း
(ဃ)    (၁)လအတွင်းရိုက်ကူးထားသော နောက်ခံအပြာရောင် လိုင်စင်ဓါတ်ပုံ(၂)ပုံ (နောက်ကျော တွင်အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားဖော်ပြရန်)
( င )    (၁)လအတွင်းရယူထားသည့်ကျန်းမာရေးကောင်းမွန် ကြောင်းဆေးထောက်ခံစာမူရင်း
( စ )    နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
(ဆ)    ပြင်ပမှလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူ
( ဇ )    နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် သက်ဆိုင်ရာ ဝန်ကြီးဌာန၏ခွင့်ပြုချက်မူရင်းနှင့် ဌာနဆိုင်ရာပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံချက်မူရင်း

၄။    လျှောက်လွှာများကို နေပြည်တော်၊ ရုံးအမှတ်(၄၃)၊ စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒ၊ စည်းမျဉ်းနှင့် ဝန်ထမ်းရေးရာဌာနခွဲ၊ ဝန်ထမ်းရေးရာဌာနစိတ်(၇)နှင့် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ရုံးများတွင်ရရှိနိုင်ပါသည်။
၅။    လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများနှင့် အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ဖော်ပြထားခြင်းမရှိသော လျှောက်လွှာများကို လက်ခံမည်မဟုတ်ပါ။
၆။    အမှတ်စဉ်(က)ရာထူးအတွက် အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို နေပြည်တော်စာစစ်ဌာနတွင် မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတဘာသာရပ်များအား မေးခွန်းတစ်ခုလျှင် (၂)နာရီဖြင့် အောက်ဖော်ပြပါအစီအစဉ်အတိုင်း ဖြေဆိုရမည်ဖြစ်သည်-
    
စဉ်    ဖြေဆိုရမည့်ဘာသာရပ်    ဖြေဆိုမည့်ရက်    အချိန်
(က)    မြန်မာစာ                     ၂၆-၁၂-၂၀၂၆    (၀၉:၃၀နာရီမှ ၁၁:၃၀နာရီထိ)
( ခ )    အထွေထွေဗဟုသုတ    ၂၆-၁၂-၂၀၂၆    (၁၃:၀၀နာရီမှ ၁၅:၀၀နာရီထိ)
( ဂ )    အင်္ဂလိပ်စာ                 ၂၇-၁၂-၂၀၂၆    (၀၉:၃၀နာရီမှ ၁၁:၃၀နာရီထိ)


၇။    ယင်းရာထူးအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ၂၅- ၁၂ -၂၀၂၆ ရက်တွင် နေပြည်တော် ရုံးအမှတ်(၄၃)၊  စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒ၊စည်းမျဉ်းနှင့်ဝန်ထမ်းရေးရာဌာနခွဲ၊ ဝန်ထမ်း ရေးရာဌာနစိတ်(၇)တွင် ဖြေဆိုမည့်သူကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြသ၍ ရုံးချိန်အတွင်း ထုတ်ယူရပါမည်။
၈။    အမှတ်စဉ်(ခ)ရာထူးအတွက် အရည်အချင်းစစ် လူတွေ့စစ်ဆေးခြင်းကို နေပြည်တော် စာစစ်ဌာန နှင့်တိုင်းဒေသကြီး/ပြည်နယ်စာစစ်ဌာနများတွင် ၂၈- ၁၂ -၂၀၂၆ ရက်မှ ၃၀- ၁၂ -၂၀၂၆ ရက်အတွင်း ကျင်းပမည်ဖြစ်ပါ၍ မိမိတို့ဖြေဆိုမည့်စာစစ်ဌာနတစ်မျိုးတည်းကိုသာ ဖော်ပြလျှောက်ထားရမည်ဖြစ်ပြီး အဆိုပါ စာစစ်ဌာန၌သာ ဖြေဆိုရမည်ဖြစ်ပါသည်။ 
၉။    ယင်းရာထူးအတွက် လူတွေ့စစ်ဆေးခြင်းကို တိုင်းဒေသကြီး/ပြည်နယ်စာစစ်ဌာနများတွင် ဖြေဆို သူများအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများ၌လည်းကောင်း၊ နေပြည်တော်စာစစ်ဌာနတွင် ဖြေဆိုသူများအနေဖြင့် ရုံးအမှတ်(၄၃)၊ စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒ၊စည်းမျဉ်းနှင့်ဝန်ထမ်းရေးရာဌာနခွဲ၊ ဝန်ထမ်းရေးရာဌာနစိတ်(၇)၌လည်းကောင်း ဖြေဆိုမည့်သူကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြသ၍ ၂၇-၁၂-၂၀၂၆ ရက်တွင် ရုံးချိန်အတွင်းလာရောက်သတင်းပို့ရမည်ဖြစ်ပါသည်။ ယင်းတို့အား သက်ဆိုင်ရာ စာစစ်ဌာနများ၏အစီအစဉ်ဖြင့် လူတွေ့စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 
၁၀။    အမှတ်စဉ်(က)ရာထူးအတွက် ရေးဖြေအောင်မြင်သူများအား လူတွေ့စစ်ဆေးမည့် အစီအစဉ်ကို ထပ်မံအကြောင်းကြားမည်ဖြစ်ပြီး သိရှိစုံစမ်းလိုပါက စိုက်ပျိုးရေးဦးစီးဌာန Website www. doa.gov.mm နှင့် အပိုဒ်(၁၁)ပါ ဖုန်းနံပါတ်များကို ဆက်သွယ်စုံစမ်းနိုင်ပါသည်။
၁၁။     အသေးစိတ်သိရှိလိုပါက စိုက်ပျိုးရေးဦးစီးဌာန၊ တယ်လီဖုန်းအမှတ်- ၀၆၇-၃၄၁၀၃၂၅/ ၀၆၇-၃၄၁၀၅၁၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

စိုက်ပျိုးရေးဦးစီးဌာန