ဌာနပိုင်ခြံများ၏ မျိုးစေ့ထုတ်လုပ်ငန်း နှင့် ဆီထွက်သီးနှံနေကြာ အထွက်နှုန်းတိုးတက်မြင့်မားရေးဆွေးနွေးဆောင်ရွက်
  • Wed, 20 November 2024

ဌာနပိုင်ခြံများ၏ မျိုးစေ့ထုတ်လုပ်ငန်း နှင့် ဆီထွက်သီးနှံနေကြာ အထွက်နှုန်းတိုးတက်မြင့်မားရေးဆွေးနွေးဆောင်ရွက်


၂၀၂၄-၂၀၂၅ ခုနှစ် တွင် မျိုးစေ့ထုတ်လုပ်ငန်းများဆောင်ရွက်နိုင်စေရေး နှင့် ဆီထွက် သီးနှံ နေကြာမျိုးစေ့ထုတ်လုပ်ငန်းများ အထွက်နှုန်းမြင့်မားလာစေရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကို နိုဝင်ဘာလ ၂၀ ရက်နေ့ က အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးဇော်ထွန်းမြင့် နှင့် ဦးမျိုးဇော် တို့က ဌာနပိုင် ခြံများ စိုက်ကွင်းများအနေဖြင့် ရုံးပတ်ဝန်းကျင်းများ သန့်ရှင်း သာယာလှပ စေရေး ၊ မျိုးစေ့ထုတ်စိုက်ခင်းများ လျားထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး နှင့် ပန်းတိုင်အထွက် နှုန်းပြည့်မီအောင် ဆောင်ရွက်ရေး ၊ အပင်စတင်စိုက်ပျိုးသည်မှ ရိတ်သိမ်း သိုလှောင်သည်အထိ စနစ်တကျ ပြုစုဆောင်ရွက်သွားကြရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြသည်။ 

အစည်းအဝေးသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ၊ မျိုးစေ့ဌာနခွဲ၊ ဥယျာဉ်ခြံသီးနှံနှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ကော်ဖီရာသီဌာနခွဲ ၊ ဝါနှင့်လျှော် မျှင်ထွက် သီးနှံဌာနခွဲတို့မှ ခြံဦးစီးမှူးများနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။