အာဆီယံအပေါင်းသုံးအရေးပေါ်ဆန်အရန်ရိက္ခာအစီအစဉ်ဖြင့် ကိုရီယားသမ္မတနိုင်ငံမှ လှူဒါန်းမည့် ဆန်တန်ချိန် (၃,၀၀၀) လက်ခံ သိုလှောင်ဖြန့်ဖြူးနိုင်ရေး သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုး
  • Thu, 21 November 2024

အာဆီယံအပေါင်းသုံးအရေးပေါ်ဆန်အရန်ရိက္ခာအစီအစဉ်ဖြင့် ကိုရီယားသမ္မတနိုင်ငံမှ လှူဒါန်းမည့် ဆန်တန်ချိန် (၃,၀၀၀) လက်ခံ သိုလှောင်ဖြန့်ဖြူးနိုင်ရေး သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုး


အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာအစီအစဉ် (ASEAN Plus Three Emergency Rice Reserve–APTERR)တွင် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၌ သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့လာပါက အရေးပေါ်ဆန်အရန်ရိက္ခာ သိုလှောင် ဖြန့်ဖြူးရေး အစီအစဉ် (APTERR အစီအစဉ်-၃) ကို ၂၀၁၇ ခုနှစ်မှစ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

ယခုနှစ်တွင် APTERR အစီအစဉ်-၃ (၂၀၂၄) ဖြင့် ကိုရီးယားသမ္မတနိုင်ငံ မှ ဆန်တန်ချိန် (၃,၀၀၀) နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ ငွေသားထောက်ပံ့လှူဒါန်းမှုဖြင့် ပြည်တွင်းဆန် တန်ချိန် (၅၀၀) တို့ကို ထောက်ပံ့လှူဒါန်းမည်ဖြစ်ပြီး ကိုရီယားသမ္မတနိုင်ငံမှ လှူဒါန်းမည့် ဆန်တန်ချိန် (၃,၀၀၀) လက်ခံ သိုလှောင်ဖြန့်ဖြူးနိုင်ရေးနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေးဦးစီးဌာန နှင့် APTERR အတွင်းရေးမှူးချုပ် တို့အကြား သဘောတူညီမှုစာချွန်လွှာ (Memorandum of Agreement-MoA) လက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာလ (၂၁)ရက်နေ့တွင် နေပြည်တော်ရှိ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း) အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြ ကြောင်း သတင်းရရှိသည်။