မြေဩဇာကော်မတီ၏ (၄၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ
  • Tue, 3 December 2024

မြေဩဇာကော်မတီ၏ (၄၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ


မြေဩဇာကော်မတီ၏ (၄၃) ကြိမ်မြောက်အစည်းအဝေးကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပရာ မြေဩဇာကော်မတီဥက္ကဌ၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် နှင့် မြေဩဇာကော်မတီအဖွဲ့ဝင်များ၊ မြေဩဇာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြပြီး မြေဩဇာမှတ်ပုံတင်ခြင်းနှင့် တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းများကို စနစ်တကျကွပ်ကဲ ထိန်းသိမ်းပေးနိုင်ရေး ဆွေးနွေးဆောင်ရွက် ကြသည်။

အစည်းအဝေးတွင် မြေဩဇာကော်မတီဥက္ကဌ ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို အထောက်အကူပြုဖြစ်စေရန်နှင့် အရည်အသွေးပြည့်ဝပြီး စံချိန် စံညွှန်းပြည့်မီသော မြေဩဇာများကို စိုက်ပျိုးသူများ သုံးစွဲနိုင်ရေးအတွက် မြေဩဇာကော်မတီက မြေဩဇာထုတ်လုပ်ခွင့် တင်သွင်းခွင့်မှတ်ပုံတင်ပေးသည့်လုပ်ငန်း များကို မြေဩဇာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် မြေဩဇာကို မဖြစ်မနေဝယ်ယူသုံးစွဲနေရခြင်းကြောင့် အရည် အသွေးပြည့်ဝသော မြေဩဇာများကို ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ရာသီချိန်မီ သုံးစွဲနိုင်ရေးအတွက် မြေဩဇာလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုကောင်းမွန်အောင်ဆောင်ရွက် နိုင်မည့် နည်းလမ်းများ၊ အကြံပြုချက်များကို အစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန် တိုက်တွန်းပါကြောင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြေဩဇကော်မတီ အတွင်းရေးမှူးက မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့က စိစစ်၍ ထောက်ခံတင်ပြလာသည့် မြေဩဇာထုတ်လုပ်၊ တင်သွင်းမှတ်ပုံတင်လျှောက် လွှာများနှင့်ပတ်သက်၍ တင်ပြရာ အစည်းအဝေးတက်ရောက်လာကြသည့် မြေဩဇာကော် မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် သုံးသပ်ဆွေးနွေးကြသည်။

ယနေ့ကျင်းပသည့် (၄၃) ကြိမ်မြောက် အစည်းအဝေးတွင် မြေဩဇာထုတ်လုပ် တင်သွင်း မှတ်ပုံတင်လျှောက်လွှာ အစောင် ၃၀၀ ကို စိစစ်ဆွေးနွေးခဲ့ကြပြီး။ (၄၂) ကြိမ်မြောက် မြေဩဇာကော်မတီအထိ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ခွင့်ပြုခဲ့သောမြေဩဇာ မှတ်ပုံတင် လက်မှတ်ပေါင်း ၁၁၉၉၆ စောင် ခွင့်ပြုပေးခဲ့ပြီးဖြစ်သော်လည်း ကာယကံ ရှင်များ၏ တင်ပြချက်အရ ပယ်ဖျက်ခြင်းနှင့် သက်တမ်းကျော်လွန်သဖြင့် ဌာနက ဖျက်သိမ်းခြင်းများကြောင့် ယနေ့အထိ မြေဩဇာမှတ်ပုံတင်လက်မှတ်ပေါင် ၇၁၁၆ စောင်ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။