ဝန်ထမ်းများ သင်ကြားရေးနည်းဗျူဟာ သိရှိနိုင်စေရန် သင်ကြားရေးနည်းစနစ် (Teaching Methodology) သင်တန်းဖွင့်လှစ်
  • Mon, 20 January 2025

ဝန်ထမ်းများ သင်ကြားရေးနည်းဗျူဟာ သိရှိနိုင်စေရန် သင်ကြားရေးနည်းစနစ် (Teaching Methodology) သင်တန်းဖွင့်လှစ်


စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ရှိ ဝန်ထမ်းနည်းပြများ အတွက် ဖွင့်လှစ်ပေးသည့် သင်ကြားရေးနည်းစနစ် (Teaching Methodology) သင်တန်းကို ဇန်န ဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက စိုက်ပျိုးရေး ဦးစီးဌာန ရုံးချုပ် နေပြည်တော် ရုံးအမှတ် ( ၄၃ ) အစည်းအဝေးခန်းမ၌ကျင်းပရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုး တက်ရောက်၍ အဖွင့်အမှာ စကား ပြောကြားသည်။

စိုက်ပျိုးရေးဦးစီးဌာန က ဖွင့်လှစ်နေသော ရာထူးအဆင့်အလိုက် သင်တန်းများ၊ စီမံ ခန့်ခွဲရေး၊ ငွေစာရင်း နှင့်ထောက်ပံ့ဖြည့်တင်ရေးဆိုင်ရာ သင်တန်းများ၊ မြေ မျိုး ပိုး ဘာသာရပ် ဆိုင်ရာသင်တန်းများ၊ နည်းပညာပေးသင်တန်းများတွင် ဘာသာရပ်အလိုက် သင်ကြား ပို့ချလျက်ရှိသည့် ဝန်ထမ်းနည်းပြ များအတွက် သင်ကြားမှုနည်းစနစ်များအား သိရှိနိုင်ရန်၊ သင်ကြားမှုနည်းလမ်းများအပြင် သင်ကြားရေး နည်းဗျူဟာများ၊ သင်ကြားရေး အတွေးအခေါ်များ သိရှိစေရန်အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည်။ 

သင်တန်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ သင်တန်းဆရာ(၂)ဦး၊ ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာမျိုးကြွယ် နှင့် ပညာရေး နည်းပညာ အကြံပေး ဦးထိန်လင်းအောင် တို့က ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူ (၃၀)ဦး တက်ရောက် လေ့လာလျက် ရှိကြကြောင်း သတင်းရရှိသည်။