၂၀၂၅ ခုနှစ်၊ မိုးရာသီကာလအတွက် ယေဘုယျ ခန့်မှန်းချက်၊ မိုးဦးကာလ ခန့်မှန်းချက်နဲ့ မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်
  • Mon, 5 May 2025

၂၀၂၅ ခုနှစ်၊ မိုးရာသီကာလအတွက် ယေဘုယျ ခန့်မှန်းချက်၊ မိုးဦးကာလ ခန့်မှန်းချက်နဲ့  မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်


(မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသတင်း)

တင်ပြသူ -  ဦးထက်ဝေထွန်း

-  မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

……………………………………………………………………………...................................................

မင်္ဂလာပါခင်ဗျာ-

၂၀၂၅ ခုနှစ်၊ မိုးရာသီကာလအတွက် ယေဘုယျခန့်မှန်းချက်၊ မိုးဦးကာလ ခန့်မှန်းချက်နဲ့ မေလ အတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက်များကို  နေပြည်တော်၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ကြေညာပါ့မယ်ခင်ဗျာ။ 

မိုးရာသီကာလအတွက် အနောက်တောင်မုတ်သုံလေ ၀င်ရောက်ခြင်း၊ ဆုတ်ခွာခြင်းအ‌ခြေအနေ ကတော့ အနောက်တောင် မုတ်သုံလေဟာ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်နေ့မှ ၁၀ ရက်နေ့)အတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ၀င်ရောက် ဖွယ်ရာရှိပြီး၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ပထမရက်သတ္တပတ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လဆန်းခန့်)မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားဖွယ်ရာ ရှိပါတယ်။

မိုးဦးကာလခန့်မှန်းချက်များအနေနဲ့ကတော့ မိုးဦးကာလဟာ ၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်၀င်ရောက်သည့်နေ့မှ ဇွန်လကုန်အထိ ဖြစ်ပါတယ်။ မိုးဦးကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်‌၀န်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၁ ကြိမ်မှာ ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အဲ့ဒီကာလအတွင်း အနောက်တောင်မုတ်သုံလေဟာ အားအသင့်အတင့်မှ အားကောင်းနိုင်ပါတယ်။ 

မိုးရွာသွန်းမှုအ‌ခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

         မိုးဦးကာလ မေလနဲ့ ဇွန်လတို့မှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊ စစ်တောင်း မြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်နဲ့ ဘီးလင်းမြစ်တို့တစ်လျှောက်ရှိ မြို့များမှာ မြစ်ရေများသည် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်နိုင်ဖွယ် မရှိပါ။

မိုးလယ်ကာလခန့်မှန်းချက်များအနေနဲ့ကတော့ မိုးလယ်ကာလဟာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှ သြဂုတ်လကုန်အထိ ဖြစ်ပါတယ်။ မိုးလယ်ကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအား နည်းရပ်၀န်း ၃ ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ၂ ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိ နိုင်ပါတယ်။ အဲ့ဒီကာလအတွင်း အနောက်တောင်မုတ်သုံလေဟာ အားအသင့်အတင့်မှ အားကောင်းနိုင်ပါ တယ်။

မိုးရွာသွန်းမှုအ‌ခြေအနေမှာ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

         မိုးလယ်ကာလ ဇူလိုင်လနဲ့ သြဂုတ်လတို့မှာ ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူ မြို့၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁) ကြိမ် ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ (၁) ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁) ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁) ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ (၁) ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁) ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁) ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁) ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁) ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်း မြို့၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ (၁) ကြိမ်ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁) ကြိမ်ခန့်နဲ့ ဘီးလင်း မြစ်ရေဟာ ဘီးလင်းမြို့မှာ (၁) ကြိမ်ခန့် ယင်းမြို့များရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန် ရောက်ရှိနိုင်ပါတယ်။

မိုးနှောင်းကာလခန့်မှန်းချက်များအနေနဲ့ကတော့ မိုးနှောင်းကာလဟာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ပါတယ်။ မိုးနှောင်းကာလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်၀န်း (၃) ကြိမ် ဖြစ်ပေါ် နိုင်ပြီး၊ (၂) ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အဲ့ဒီကာလအတွင်း အနောက်တောင်မုတ်သုံလေဟာ အားအသင့်အတင့် ရှိနိုင်ပါတယ်။ 

မိုးရွာသွန်းမှုအ‌ခြေအနေမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးနှောင်းကာလ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ ဧရာဝတီမြစ်ရေဟာ ရွှေကူမြို့၊ ပခုက္ကူ မြို့၊ ညောင်ဦးမြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ (၁) ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့နဲ့ မော်လိုက်မြို့တို့မှာ (၁) ကြိမ်ခန့်စီ၊ မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ (၁) ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁) ကြိမ်ခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့ တို့မှာ (၁) ကြိမ်ခန့်စီ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ (၁) ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ (၁) ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ (၁) ကြိမ်ခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ (၁) ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့နဲ့ သာပေါင်းမြို့တို့မှာ (၁) ကြိမ်ခန့်စီနဲ့ တိုးမြစ်ရေဟာ မအူပင်မြို့မှာ (၁) ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်ရောက် ရှိနိုင်ပါတယ်။

ယခုဆက်လက်ပြီး ၂၀၂၅ ခုနှစ်၊ မိုးဦးကာလအတွက် မိုးလေ၀သနဲ့ ဇလဗေဒခန့်မှန်းချက်များကို တင်ပြလိုပါတယ်။

၂၀၂၅ ခုနှစ်၊ မိုးဦးကာလ သတ်မှတ်ခြင်းအနေနဲ့ကတော့ မိုးဦးကာလဟာ မြန်မာနိုင်ငံအတွင်းသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်သည့်နေ့မှ ၂၀၂၅ ခုနှစ်၊ ဇွန်လကုန်အထိ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်၊ မုတ်သုံလေ ဝင်ရောက်နိုင်မှုအ‌ခြေအနေမှာ အနောက်တောင်မုတ်သုံလေဟာ မြန်မာ နိုင်ငံအရပ်ရပ်သို့ အောက်ပါအတိုင်း ဝင်ရောက်ဖွယ်ရာရှိပါတယ်-

          (က)    မေလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ၊

          ( ခ)    မေလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများ၊

          ( ဂ)    မေလ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့်

          (ဃ) ဇွန်လ ၁ ရက်နေ့မှ ၅ ရက်နေ့အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသများကို ဝင်ရောက်ဖွယ်ရာ ရှိပါတယ်။

ဘင်္ဂလားပင်လယ်အော် အခြေအနေကတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်‌၀န်း (၃) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁) ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အဲ့ဒီကာလအတွင်း အနောက်တောင်မုတ်သုံလေဟာ အားအသင့်အတင့်မှ အားကောင်းနိုင်ပါတယ်။

မိုးရွာသွန်းမှုအ‌ခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးဦးကာလ မေလနဲ့ ဇွန်လတို့မှာ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ ဒုဋ္ဌဝတီမြစ်၊ မြစ်သာမြစ်၊ စစ်တောင်း မြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်နဲ့ ဘီးလင်းမြစ်တို့တစ်လျှောက်ရှိ မြို့များမှာ မြစ်ရေများသည် လက်ရှိရေမှတ်များ အထက်မြင့်တက်လာနိုင်သော်လည်း ယင်းမြို့များ၏ စိုးရိမ် ရေမှတ် အသီးသီးသို့ ရောက်နိုင်ဖွယ် မရှိပါ။

အခုဆက်လက်ပြီး၊ လာမည့် မေလအတွက် မိုးလေဝသနှင့် ဇလဗေဒခန့်မှန်းချက်များကို ဆက်လက် တင်ပြပါမယ်။

အနောက်တောင်မုတ်သုံလေဟာ မေလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်း ဒေသများသို့လည်းကောင်း၊ မေလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း၊ မေလ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများသို့ လည်းကောင်း အသီးသီး ၀င်ရောက်နိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်‌၀န်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပါတယ်။ အဲ့ဒီကာလ အတွင်း အနောက်တောင်မုတ်သုံလေသည် အားအသင့်အတင့် ရှိနိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။

မိုးရွာသွန်းမှုအ‌ခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

မိုးရွာရက်များအနေနဲ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန် ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှ ၁၅ ရက်မှ ၂၁ ရက်ခန့်နဲ့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့မှာ ၈ ရက်မှ ၁၄ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

နေ့အပူချိန်များအနေနဲ့ကတော့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ မေလ ပုံမှန်အပူချိန်ခန့်သာ ရှိနိုင်ပါတယ်။

၂၀၂၅ ခုနှစ်၊ မေလအတွင်း ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နဲ့ သပိတ်ကျင်းမြို့တို့မှာ ၇ ပေမှ ၉ ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နဲ့ ဇလွန်မြို့တို့မှာ ၅ ပေမှ ၇ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။ 

ချင်းတွင်းမြစ်ရေဟာ ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်း မြို့၊ ကနီမြို့နဲ့ မုံရွာမြို့တို့မှာ ၅ ပေမှ ၈ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက်လာနိုင်ပါတယ်။

မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၄ ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ သီပေါမြို့မှာ ၁ ပေခန့်၊ ရွှေစာရံနဲ့ မြစ်ငယ်မြို့တို့မှာ ၃ ပေမှ ၄ ပေခန့်၊ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နဲ့ မဒေါက်မြို့တို့မှာ ၂ ပေမှ ၃ ပေခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၁ ပေခွဲခန့်၊ ပဲခူးမြစ်ရေဟာ ဇောင်းတူမြို့မှာ ၁ ပေခွဲခန့်နဲ့ ပဲခူးမြို့မှာ ၄ ပေခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၃ ပေခန့်၊ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့မှာ ၃ ပေခန့်၊ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့မှာ ၅ ပေခန့်၊ သာပေါင်းမြို့နဲ့ ပုသိမ်မြို့တို့မှာ ၂ ပေမှ ၃ ပေခန့်၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၂ ပေခန့်နဲ့ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ၃ ပေခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်ပါတယ်။

အချုပ်အားဖြင့် တင်ပြလိုတာကတော့ လာမည့်မေလဟာ မိုးကြိုကာလမှ မိုးဦးကာလကို ကူးပြောင်းတဲ့ ကာလ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဒေသအချို့မှာ နေ့အပူချိန်မြင့်တက်နေမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး အပူချိန် မြင့်မားမှုကြောင့် မွန်းလွဲ/ ညနေပိုင်းအချိန်အခါများမှာ မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်ခြင်း၊ လေပြင်းများ တိုက်ခတ်တတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးများကြွေကျ တတ်ခြင်းနဲ့ ခေတ္တမျှမိုးသည်းထန်ခြင်းတို့ ဖြစ်ပေါ်တက်ပါတယ်။ ဒါ့အပြင် အနောက်တောင်မုတ်သုံ စတင် ဝင်ရောက်ချိန်မှာ လေထုမငြိမ်သက်မှု ဖြစ်စဉ်များကြောင့် ထစ်ချုန်းမိုးသက်လေပြင်းဖြစ်စဉ်များ နေရာ ကွက်ကျား ဖြစ်ပေါ်နိုင်ပြီး၊ အနောက်တောင်မုတ်သုံလေ ဝင်ရောက်ပြီးနောက် ၎င်းဖြစ်စဉ်များဟာ တစ် ဖြည်းဖြည်းလျော့ကျလာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် မေလဟာ မိုးကြိုရာသီမှာ ဖြစ်ပေါ်တတ်တဲ့ မိုးကြို မုန်တိုင်းအခြေအနေများကိုလည်း စောင့်ကြည့် သတိထားရမယ့် ကာလဖြစ်သလို မြစ်ချောင်းများအနီး နေထိုင်ကြသူများအဖို့ လက်ရှိ ရေမှတ်များအထက် မြင့်တက်လာနိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့လည်း လိုအပ်ပါတယ်။

အဲဒီလို ထူးခြားတဲ့ မိုးလေဝသအခြေအနေ၊ မြစ်ရေအခြေအနေများနဲ့ ပတ်သက်လို့ ကြိုတင်သတိ ပေးချက် ထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နဲ့ တစ်ပြေးညီ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်။

မိုးလေဝသ၊ ဇလဗေဒသတင်းများနဲ့ ပတ်သက်လို့ သိရှိလိုပါက မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ Website ဖြစ်တဲ့ www.moezala.gov.mm သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့Facebook သို့လည်းကောင်း၊ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ YouTube Chennal သို့လည်းကောင်း၊ နေပြည်တော်ရှိ အလိုအလျောက် ဖြေကြားစက် ဖြစ်တဲ့ ၀၆၇-၃၄၁၁၂၅၂ ဖုန်းနံပါတ်သို့လည်းကောင်း၊ Call Center 1876 (ext no 5) သို့လည်းကောင်း၊ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊ နေ့စဉ်ထုတ်သတင်းစာများ၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ် အသီးသီးတို့မှ နေ့စဉ်ထုတ်လွှင့်လျက်ရှိတဲ့ FM ရေဒီယိုများမှတစ်ဆင့် မိုးလေဝသနဲ့ ဇလဗေဒ သတင်း၊ သတိပေးချက်များကို ကြည့်ရှုနားဆင်နိုင်ပါတယ် ဆိုတဲ့အကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာကြပါစေခင်ဗျာ။