ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ

မြန်မာလူငယ်များအား မြန်မာဘာသာဖြင့် စိုက်ပျိုးရေးဘာသာရပ်များပို့ချရန် မစ္စတာကေ့စ် (Mr. Case) ဦးဆောင်သော အမေရိကန် ဗက်ပ်တစ်စ်မစ်ရှင် (American Baptist Mission) ကဦးဆောင်၍ ပျဉ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်းကို ၁၉၂၃ ခုနှစ်တွင် ဖွင့်လှစ်သည်။  ၁၉၃၁ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ကပ် ဆိုက်ရောက်မှုကြောင့် စိုက်ပျိုးရေးသိပ္ပံကျောင်းကို မတ်လတွင် ပိတ်လိုက်ရပြီး နိုဝင်ဘာလတွင် ကျောင်းပြန်လည်ဖွင့်လှစ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ပြည်တွင်းစစ် ဖြစ်ပွားမှုကြောင့် ကျောင်းထပ်မံပိတ်ခဲ့ရပြီး နိုင်ငံ၏ အခြေအနေကောင်းမွန်လာသောအခါ ၁၉၅၄ ခုနှစ် တွင် နိုင်ငံတော် စိုက်ပျိုးရေးသိပ္ပံကျောင်း (State Agricultural Institute) အမည် ဖြင့် ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပထမဆုံး စိုက်ပျိုးရေးဒီပလိုမာဘွဲ့ လတ်မှတ်ပေးသော ပညာသင်ဌာနဖြစ်လာသည်။ ယနေ့အထိ စိုက်ပျိုးရေးသိပ္ပံကျောင်း (၁၅) ကျောင်းဖြင့် တိုးချဲ့ ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။
၁၉၈၂ - ၈၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ အကူအညီဖြင့် ဗဟိုစိုက်ပျိုးရေးဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးဌာန (CADTC) သင်တန်းကျောင်း ကို ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာအနီးတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။
၂၀၁၂ ခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းပြီးနောက် ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်း(CARTC) နှင့် စိုက်ပျိုးရေးသိပ္ပံကျောင်းများကို ပူးတွဲ၍ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ အဖြစ်ဖွဲ့စည်းခဲ့ပါသည်။




(က) ဝန်ထမ်းများအရည်အသွေးမြင့်မားရေးအတွက် သင်တန်းများစီစဉ်ဆောင်ရွက်ရန်

(ခ) အလယ်အလတ်အဆင့် စိုက်ပျိုးရေး/မွေးမြူရေး အတတ်ပညာရှင်များနှင့် ကျွမ်းကျင်သူများမွေးထုတ်ပေးရန်

(ဂ) သက်ဆိုင်ရာသင်တန်းဌာန၊စိုက်ပျိုးရေးသိပ္ပံများတည်ရှိရာဒေသ၏ စံပြစိုက်ကွင်းများ ဖြစ်စေရန်

(ဃ) သင်ကြားတတ်မြောက်ထားသည့် ပညာရပ်ဖြင့် တောင်သူလယ်သမားများအား ခေတ်မီစိုက်ပျိုးရေး/မွေးမြူရေးနည်းပညာများ ပြန်လည်ဆင့်ပွားပညာပေးသူများဖြစ်စေရေး စနစ်တကျပျိုးထောင်ပေးရန်

(င) ဒေသတွင်းရှိ လယ်ယာကဏ္ဍထုတ်ကုန်မှတောင်သူဝင်ငွေတိုးတက်ရန်နှင့် လူနေမှုဘဝဖွံ့ဖြိုးတိုးတက်‌ရေးအထောက်အကူပြုရန်





ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲမှ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ








Location:

ရုံးအမှတ် (၄၃)၊ စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်

Email:

sai.ho.moali@gmail.com

Call:

၀၆၇၃၄၁၀၅၈၈