စမ်းသပ်စိုက်ပျိုးရန်အပင်မျိုးသစ်တင်သွင်းခွင့်ထောက်ခံချက်

စမ်းသပ်စိုက်ပျိုးရန်အတွက် ပြည်တွင်းသို့ အပင်မျိုးသစ်တင်သွင်းခွင့်ထောက်ခံချက်လျှောက်ထားခြင်း


စမ်းသပ်စိုက်ပျိုးရန်အပင်မျိုး သစ်တင်သွင်းခွင့်ထောက်ခံချက် ထုတ်ပေးသည့်ဌာန

စိုက်ပျိုးရေးဦးစီးဌာန


ရည်ရွယ်ချက်

မြန်မာနိုင်ငံရှိ ဒေသ၊ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီမှု ရှိ /မရှိ သိရှိနိုင်ရေး မျိုးသစ်ကို စမ်းသပ်စိုက်ပျိုးနိုင်ရန်


လိုအပ်သည့်စာရွက်စာတမ်း

ပထမဦးစွာ လျှောက်ထားသူမှ mairs.doa.gov.mm တွင် Account Registration ပြုလုပ်ရန် လိုအပ်ပါသည်။ 

မျိုးစေ့ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ (၂၀၁၆) (ပုံစံ ၁) အရ,

- လျှောက်လွှာ mairs.doa.gov.mm တွင် ဖြည့်ရန်

- အဆိုပြုလွှာမိတ္တူ (ပူးတွဲတင်ပြရန်)

- တင်သွင်းသည့်နိုင်ငံမှ ဗီဇပြုပြင်ထားသည့်သီးနှံ ဟုတ်/မဟုတ် ထောက်ခံချက်(ပူးတွဲတင်ပြရန်)


လုပ်ငန်းစဉ်အဆင့်

Myanmar Agricultural Inputs Registration System, MAIRS (mairs.doa.gov.mm) တွင် online စနစ်ဖြင့် လျှောက်ထားနိုင်သည်။


ကုန်ကျစရိတ်

အခကြေးငွေမလို


ကြာမြင့်ချိန်

၂၄ နာရီ အတွင်း


လက်မှတ်ရေးထိုးသည့် ရာထူး/အဆင့်

အတွင်းရေးမှူး (ကိုယ်စား)

ညွှန်ကြားရေးမှူး(မျိုးစေ့ဌာနခွဲ) 

(တွဲဖက်အတွင်းရေးမှူး၊ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ)


ဥပဒေ/နည်းဥပဒေအမည်နှင့် အညွှန်းပုဒ်မ/ အပိုဒ်နံပါတ်

မျိုးစေ့ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ အပိုဒ်(၃)


MAIRS, user account  ပြုလုပ်ပုံနှင့် အသုံးပြုပုံအား စိုက်ပျိုးရေးဦးစီးဌာန၏ YouTube Channel ဖြစ်သော DOA E-Services  (https://www.youtube.com/c/DOAEservices) တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

မျိုးစေ့ဌာနခွဲ၏ အချက်အလက်များအား အသေးစိတ်သိရှိလိုပါက www.myanmarseedportal.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

အခြားသိရှိလိုသည်များအား တိုက်ရိုက်မေးမြန်းစုံစမ်းလိုပါက မျိုးစေ့ဌာနခွဲ၏ ဖုန်းနံပါတ် - +9567-3410385, 3410328 သို့ ရုံးချိန်အတွင်းမေးမြန်းဆောင်ရွက်နိုင်ပါသည်။