မျိုးသစ်အသိအမှတ်ပြုလက်မှတ်ရရှိရန် စမ်းသပ်စိုက်ပျိုးခွင့်

မျိုးသစ်အသိအမှတ်ပြုလက်မှတ်ရရှိရန် ရည်ရွယ်၍ စမ်းသပ်စိုက်ပျိုးခွင့် လျှောက်ထားခြင်း


အပင်မျိုးသစ် စမ်းသပ်စိုက်ပျိုးခွင့် ထုတ်ပေးသည့်ဌာန

စိုက်ပျိုးရေးဦးစီးဌာန


ရည်ရွယ်ချက်

- ပြည်တွင်း၌  စိုက်ပျိုးပါက ကောင်းမွန်စွာဖြစ်ထွန်းနိုင်ခြင်း ရှိ/ မရှိ၊

- စမ်းသပ်စိုက်ပျိုးသော အပင်မျိုးသစ်သည် လက်ရှိအပင်မျိုးထက်သာလွန်ကောင်းမွန်ခြင်း ရှိ/မရှိ နှင့် ထူးခြားသည့် အရည်အသွေး ရှိ/မရှိ၊

- အပင်မျိုးသစ်သည် သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိခိုက်နိုင်ခြင်း ရှိ /မရှိ တို့ကို သိရှိနိုင်စေရန်။


လိုအပ်သည့်စာရွက်စာတမ်း

ပထမဦးစွာ လျှောက်ထားသူမှ mairs.doa.gov.mm တွင် Account Registration ပြုလုပ်ရန် လိုအပ်ပါသည်။ 

မျိုးစေ့ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ(၂၀၁၆)၊ ပုံစံ၂ (က)အရ,

လျှောက်လွှာကို mairs.doa.gov.mm တွင် ဖြည့်ရန်  အောက်ပါအချက်အလက်များပူးတွဲရန်

- မိဘအမည်မှန်ကန်ကြောင်း ထောက်ခံချက် (တစ်ဖက်နိုင်ငံမှ) 

- မျိုး၏အရည်အချင်းလက္ခဏာများ(တစ်ဖက်နိုင်ငံမှမူရင်း)၊ 

- ဗီဇပြုပြင်ထားသောသီးနှံဟုတ်/မဟုတ်ထောက်ခံချက် (တစ်ဖက်နိုင်ငံမှ)၊ 

- မျိုးနှင့်ပတ်သက်သည့် ဓါတ်ပုံမှတ်တမ်းများ၊ 

- မျိုးစေ့နမူနာ  (စမ်းသပ်စိုက်ပျိုးခွင့်ပြုပါကပေးပို့ရန်)


လုပ်ငန်းစဉ်အဆင့်

Myanmar Agricultural Inputs Registration System, MAIRS (mairs.doa.gov.mm) တွင် online စနစ်ဖြင့် လျှောက်ထားနိုင်သည်။


စမ်းသပ်စိုက်ပျိုးခ

သီးနှံအမျိုးအစား၊ စမ်းသပ်မည့်ဒေသနှင့် စမ်းသပ်မည့်အကြိမ် အရေအတွက် ပေါ်မူတည်၍ စမ်းသပ်စိုက်ပျိုးကုန်ကျစရိတ် ရှိပါသည်။


ကြာမြင့်ချိန်

ရုံးလုပ်ငန်းများအတွက် (၁)ပတ်ဖြစ်ပြီး၊  စမ်းသပ်စိုက်ပျိုးရန် ကြာ မြင့်ချိန်သည် သီးနှံနှင့်မျိုးပေါ်မူတည်ပါသည်။


လက်မှတ်ရေးထိုးသည့် ရာထူး/ အဆင့်

ညွှန်ကြားရေးမှူး (မျိုးစေ့ဌာနခွဲ)

(အတွင်းရေးမှူး၊ မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာကော်မတီ)


ဥပဒေ/နည်းဥပဒေအမည်နှင့် အညွှန်းပုဒ်မ/ အပိုဒ်နံပါတ်

မျိုးစေ့ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ အပိုဒ် ၇ ၊ အပိုဒ် ၈ 

အပိုဒ်ခွဲ (က) (ခ)


MAIRS, user account  ပြုလုပ်ပုံနှင့် အသုံးပြုပုံအား စိုက်ပျိုးရေးဦးစီးဌာန၏ YouTube Channel ဖြစ်သော DOA E-Services  (https://www.youtube.com/c/DOAEservices) တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

မျိုးစေ့ဌာနခွဲ၏ အချက်အလက်များအား အသေးစိတ်သိရှိလိုပါက www.myanmarseedportal.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

အခြားသိရှိလိုသည်များအား တိုက်ရိုက်မေးမြန်းစုံစမ်းလိုပါက မျိုးစေ့ဌာနခွဲ၏ ဖုန်းနံပါတ် - +9567-3410385, 3410328 သို့ ရုံးချိန်အတွင်းမေးမြန်းဆောင်ရွက်နိုင်ပါသည်။