မျိုးစေ့အရည်အသွေးစစ်ဆေးခန်းဖွင့်လှစ်ခွင့်

မျိုးစေ့အရည်အသွေးစစ်ဆေးခန်းဖွင့်လှစ်ခွင့် လျှောက်ထားခြင်း


မျိုးစေ့အရည်အသွေးစစ် ဆေးခန်းထုတ်ပေးသည့်ဌာန

စိုက်ပျိုးရေးဦးစီးဌာန


ရည်ရွယ်ချက်

မျိုးစေ့အဆင့်အလိုက် သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီသော မျိုးသန့်မျိုးစေ့များ စစ်ဆေးဖြန့်ဖြူးနိုင်ရန်


လိုအပ်သည့်စာရွက်စာတမ်း

ပထမဦးစွာ လျှောက်ထားသူမှ mairs.doa.gov.mm တွင် Account Registration ပြုလုပ်ရန် လိုအပ်ပါသည်။ 

မျိုးစေ့ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ(၂၀၁၆)၊ ပုံစံ(၅)အရ, 

လျှောက်လွှာကို mairs.doa.gov.mm တွင် ဖြည့်ရန်

အောက်ပါတို့ပူးတွဲရန်

- အဆောက်အဦဓါတ်ပုံ (အတိုင်းအတာ၊ ဖွဲ့စည်းပုံ၊ စနစ်ပုံ)

- မျိုးစေ့အရည်အသွေးစစ်ဆေးခန်းသုံးပစ္စည်းများ

- မျိုးစေ့စစ်ဆေးမည့် ကျွမ်းကျင်ဝန်ထမ်းဦးရေ (ကိုယ်ရေး ရာဇဝင်၊ ပညာအရည်အချင်းအထောက်အထား)


လုပ်ငန်းစဉ်အဆင့်

Myanmar Agricultural Inputs Registration System, MAIRS (mairs.doa.gov.mm) တွင် online စနစ်ဖြင့် လျှောက်ထားနိုင်သည်။


မှတ်ပုံတင်လက်မှတ်ခ

ကျပ်သုံးသိန်းတိတိ၊ သက်တမ်း (၃)နှစ်


ကြာမြင့်ချိန်

အလုပ်လုပ်ရက် (၃) ရက်မှ (၄) ရက်


လက်မှတ်ရေးထိုးသည့် ရာထူး/အဆင့်

ဒုတိယဝန်ကြီး (ဥက္ကဌ၊ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ)


ဥပဒေ/နည်းဥပဒေအမည်နှင့် အညွှန်းပုဒ်မ/ အပိုဒ်နံပါတ်

မျိုးစေ့ဥပဒေ ပုဒ်မ ၁၂


MAIRS, user account  ပြုလုပ်ပုံနှင့် အသုံးပြုပုံအား စိုက်ပျိုးရေးဦးစီးဌာန၏ YouTube Channel ဖြစ်သော DOA E-Services  (https://www.youtube.com/c/DOAEservices) တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။

မျိုးစေ့ဌာနခွဲ၏ အချက်အလက်များအား အသေးစိတ်သိရှိလိုပါက www.myanmarseedportal.gov.mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

အခြားသိရှိလိုသည်များအား တိုက်ရိုက်မေးမြန်းစုံစမ်းလိုပါက မျိုးစေ့ဌာနခွဲ၏ ဖုန်းနံပါတ် - +9567-3410385, 3410328 သို့ ရုံးချိန်အတွင်းမေးမြန်းဆောင်ရွက်နိုင်ပါသည်။