ဓာတ်မြေဩဇာထုတ်လုပ်ခွင့် မှတ်ပုံတင်ခြင်း

လိုင်စင်/ပါမစ်ထုတ်ပေး သည့်ဌာန

စိုက်ပျိုးရေးဦးစီးဌာန

ရည်ရွယ်ချက်

မြေဩဇာဥပဒေ/လုပ်ထုံးလုပ်နည်းများနှင့်အညီမြေဩဇာလုပ်ငန်းများစနစ်တကျရှိစေရန်

လိုအပ်သည့်စာရွက်စာတမ်း

မြေဩဇာဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများ

၁။ မြေဩဇာထုတ်လုပ်ခွင့် မှတ်ပုံတင်လျှောက်လွှာ (Form 1)

၂။ လျှောက်ထားသူ၏ နိုင်ငံသားမှတ်ပုံတင်ကဒ် 

၃။ လျှောက်ထားသူ၏ (၁.၃ x ၁.၁ လက်မ) အရွယ် ကာလာဓာတ်ပုံ 

၄။ ကုမ္ပဏီမှတ်ပုံတင် နှင့် ဒါရိုက်တာအဖွဲ့ဝင်စာရင်း (သို့မဟုတ်) အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း/စက်မှုလုပ်ငန်းမှတ်ပုံတင်လက်မှတ် 

၅။ မြေဩဇာထုတ်လုပ်ပုံအဆင့်ဆင့်နှင့် ဓာတ်ပုံမှတ်တမ်း

၆။ ပြည်တွင်းကုမ္ပဏီ၏ အရည်အသွေးအာမခံချက်

၇။ ထုပ်ပိုးမှုပုံစံ (အိတ်ပုံစံ) နှင့် မြေဩဇာနမူနာပုံစံ

၈။ တံဆိပ်မှတ်ပုံတင်လက်မှတ် 

၉။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သဘောထားမှတ်ချက်

လုပ်ငန်းစဉ်အဆင့်

Myanmar Agricultural Inputs Registration System (MAIRS),mairs.doa.gov.mm တွင် online စနစ်ဖြင့် လျှောက်ထား ရမည်။ 

၁။ လိုအပ်သော အထောက်အထားများ စိစစ်ပြီးပါက မြေဩဇာနမူနာအား ဓာတ်ခွဲခန်းသို့ ပေးပို့၍ ကျသင့်သော ဓာတ်ခွဲစစ်ဆေးခ နှုန်းထားများကို စိုက်ပျိုးရေးဦးစီးဌာန၏ငွေစာရင်းအမှတ် MD-013167 သို့ပေးသွင်းရမည်။

၂။ ရွက်ဖျန်းမြေဩဇာနှင့် ဇီဝမြေဩဇာများအတွက် သီးနှံ တစ်ရာသီစမ်းသပ်ကွက် (Field Trial Test) ဆောင်ရွက်ရမည်။ 

၃။ ဒုတိယတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးဦးဆောင်သောစစ်ဆေးရေးအဖွဲ့များကထုတ်လုပ်ပုံနည်းစနစ်များကိုစစ်ဆေးသည်။ 

၄။ မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့သည်ဓာတ်ခွဲခန်းစစ်ဆေးမှုရလာဒ်များနှင့်ထုတ်လုပ်မှုနည်းစဉ်များကိုစိစစ်ပြီးမြေဩဇာကော်မတီသို့ထောက်ခံတင်ပြပါသည်။ 

၅။ မြေဩဇာကော်မတီမှမြေဩဇာထုတ်လုပ်ခွင့်မှတ်ပုံတင်လက်မှတ်များကိုစိစစ်၍ထုတ်ပေးပါသည်။ 

၆။ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန်အတွက်သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှုး၊စိုက်ပျိုးရေးဦးစီးဌာနတွင်မြေဩဇာဖြန့်ဖြူးရောင်းချခွင့်လိုင်စင်လျှောက်ထားရမည်။ 

ကုန်ကျစရိတ်

ထုတ်လုပ်မှတ်ပုံတင်ကြေး - ၆၀၀၀၀ ကျပ် (၃ နှစ်သက်တမ်း)

ကာမြင့်ချိန်

- Solid fertilizer (Local producer) အတွက် ၃၆ ရက်

- Foliar Fertilizer (Local producer) အတွက် ၃၆ ရက် + သီးနှံတစ်ရာသီ

- မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့အစည်းအဝေးနှင့်မြေဩဇာကော်မတီအစည်းအဝေးများအား(၃)လတစ်ကြိမ်ကျင်းပလျှက်ရှိပါသည်။ 

- မြေဩဇာအလိုက်လိုအပ်သော အချက်အလက်များ စစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းနှင့်စမ်းသပ်ကွက်များဆောင်ရွက်ပြီးပါကအနီးစပ်ဆုံမြေဩဇာဆိုင်ရာနည်းပညာအဖွဲ့နှင့်မြေဩဇာကော်မတီသို့တင်ပြပေးမည်ဖြစ်ပါသည်။

လျှောက်ထားရမည့်နေရာ

Myanmar Agricultural Inputs Registration System (MAIRS) mairs.doa.gov.mm

Onlineစနစ်ဖြင့်ဆောင်ရွက်နိုင်ခြင်း

Myanmar Agricultural Inputs Registration System (MAIRS) mairs.doa.gov.mm

လက်မှတ်ရေးထိုးသည့်ရာထူး/အဆင့်

အတွင်းရေးမှူး ၊ မြေဩဇာကော်မတီ

ဥပဒေ/ နည်းဥပဒေ အမည်နှင့် အညွှန်းပုဒ်မ/ အပိုဒ်နံပါတ်

မြေဩဇာဥပဒေနှင့်မြေဩဇာဥပဒေပြင်ဆင်သည့်ဥပဒေ။ ဥပဒေပုဒ်မ (၇)