ပြည်ပမှဓာတ်မြေဩဇာတင်သွင်းခွင့်ထောက်ခံချက်

လိုင်စင်/ပါမစ်ထုတ်ပေးသည့်ဌာန

စိုက်ပျိုးရေးဦးစီးဌာန


ရည်ရွယ်ချက်

မြေဩဇာဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီမြေဩဇာလုပ်ငန်းများစနစ်တကျရှိစေရန်


လိုအပ်သည့်စာရွက်စာတမ်းများ

(က) ပြည်တွင်းသို့မြေဩဇာတင်သွင်းရန်ထောက်ခံချက် လျှောက်လွှာ (ပုံစံ-၈)

(ခ) မြေဩဇာတင်သွင်းခွင့် မှတ်ပုံတင်လက်မှတ် (မိတ(

(ဂ) အရောင်းအဝယ်စာချုပ်/ကုန်အမှာစာ/ ထုတ်ပိုးမှုပုံစံ

(ဃ) ကုမဏီမှတ်ပုံတင်လက်မှတ်မိတ


လုပ်ငန်းစဉ်အဆင့်

လိုအပ်သော စာရွက်စာတမ်းများအား စိစစ်ပြီးသည်နှင့် နေ့ချင်းပြီး ထုတ်ပေး ပါသည်။ ထို့နောက် အဆိုပါ ထောက်ခံချက်အား ကုန်သွယ်ရေးဦးစီးဌာနသို့ Myanmar Trade Net 2.0 (myanmartradenet.com)နှင့် Online ချိတ်ဆက်၍ ပေးပို့ပါသည်။


ကုန်ကျစရိတ်

မရှိပါ။


ကာမြင့်ချိန်

နေ့ချင်းပြီးဆောင်ရွက်ပေးပါသည်။


လျှောက်ထားရမည့်နေရာ

စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲ


Onlineစနစ်ဖြင့်ဆောင်ရွက်နိုင်ခြင်း

Myanmar Agricultural Inputs Registration System (MAIRS) mairs.doa.gov.mm တွင် မကြာမီ လျှောက်ထားနိုင်မည် ဖြစ်သည်။


လက်မှတ်ရေးထိုးသည့်ရာထူး/အဆင့်

ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန


ဥပဒေ/ နည်းဥပဒေ အမည်နှင့် အညွှန်းပုဒ်မ/ အပိုဒ်နံပါတ်

မြေဩဇာဥပဒေ၊ ဥပဒေပုဒ်မ၄၄)