မြေဩဇာသိုလှောင်လိုင်စင် နှင့် လိုင်စင်သက်တမ်းတိုးခြင်း

လိုင်စင်/ပါမစ်ထုတ်ပေးသည့်ဌာန

စိုက်ပျိုးရေးဦးစီးဌာန


ရည်ရွယ်ချက်

မြေဩဇာဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီမြေဩဇာလုပ်ငန်းများ စနစ်တကျရှိစေရန်


လိုအပ်သည့်စာရွက်စာတမ်းများ

မြေဩဇာဥပဒေလုပ်ထုံးလုပ်နည်းများ

၁။ ပုံစံ (၁၃) မြေဩဇာသိုလှောင်လိုင်စင် လျှောက်ထားခြင်း

၂။ လျှောက်ထားသူ၏ နိုင်ငံသားမှတ်ပုံတင်ကဒ် 

၃။ လျှောက်ထားသူ၏ (၁.၃ x ၁.၁ လက်မ) အရွယ် ကာလာ ဓာတ်ပုံ 

၄။ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် နှင့် ဒါရိုက်တာအဖွဲ့ဝင် စာရင်း

၅။ စည်ပင်သာယာကော်မတီ၏ လုပ်ငန်းလိုင်စင်မိတ္တူ

၆။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သဘောထားမှတ်ချက် ထောက်ခံစာ

၇။ မြေဩဇာသိုလှောင်သည့် အဆောက်အဦဓာတ်ပုံ


လုပ်ငန်းစဉ်အဆင့်

Myanmar Agricultural Inputs Registration System (MAIRS) mairs.doa.gov.mm တွင် လျှောက်ထားနိုင်သည်။

၁။ လိုအပ်သည့်အထောက်အထားများအား စစ်ဆေးပါသည်။

၂။ ဒု-တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူး ခေါင်းဆောင်သည့် စစ်ဆေးရေးအဖွဲ့မှ မြေပြင်အခြေအနေ ကွင်းဆင်း စစ်ဆေးပါသည်။

၃။ စစ်ဆေးတွေ့ရှိချက်များအား မြေဩဇာဆိုင်ရာနည်းပညာ ကော်မတီသို့တင်ပြပါသည်။

၄။ နည်းပညာအဖွဲ့မှ စိစစ်ပြီး ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြေဩဇာသိုလှောင် လိုင်စင်လက်မှတ်များ ခွင့်ပြုပါသည်။


ကုန်ကျစရိတ်

- လုပ်ငန်းငယ် (၁၆၀၀ square feet အောက်) ၊ ၁ သိန်းကျပ် (၂နှစ်သက်တမ်း)

- လုပ်ငန်းကီး (၁၆၀၀ square feet အထက်) ၊ ၃ သိန်းကျပ် (၂နှစ်သက်တမ်း)


ကာမြင့်ချိန်

(၇) ရက်

- မြေဩဇာဆိုင်ရာနည်းပညာအဖွဲ့အစည်းအဝေးနှင့် မြေဩဇာကော်မတီ အစည်းအဝေးများအား (၃) လတစ်ကြိမ် ကျင်းပလျှက်ရှိပါသည်။ 

- စစ်ဆေးရေးအဖွဲ့များမှ မြေပြင်စစ်ဆေးပြီးပါက အနီးစပ်ဆုံး မြေဩဇာဆိုင်ရာ နည်းပညာအဖွဲ့သို့ တင်ပြပေးမည် ဖြစ်ပါသည်။


လျှောက်ထားရမည့်နေရာ

Myanmar Agricultural Inputs Registration System (MAIRS) mairs.doa.gov.mm


Onlineစနစ်ဖြင့်ဆောင်ရွက်နိုင်ခြင်း

Myanmar Agricultural Inputs Registration System (MAIRS) mairs.doa.gov.mm


လက်မှတ်ရေးထိုးသည့်ရာထူး/အဆင့်

ညွှန်ကြားရေးမှူးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန


ဥပဒေ/ နည်းဥပဒေ အမည်နှင့်အညွှန်းပုဒ်မ/ အပိုဒ်နံပါတ်

မြေဩဇာဥပဒေနှင့်မြေဩဇာဥပဒေပြင်ဆင်သည့်ဥပဒေ။ ဥပဒေပုဒ်မ(၁၃)