စိုက်ပျိုးရေးသိပ္ပံကျောင်းများ

စိုက်ပျိုးရေးသိပ္ပံကျောင်းများ

ဗဟိုစိုက်ပျိုးရေးသုတေသနနှင့် လေ့ကျင့်ပညာပေးဌာန(CARTC)နှင့် စိုက်ပျိုးရေးသိပ္ပံ ကျောင်းများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၏ အုပ်ချုပ်မှုအောက်တွင် တည်ရှိပါသည်။

ရည်ရွယ်ချက်

(က) အလယ်အလတ်အဆင့် စိုက်ပျိုးရေး/မွေးမြူရေး အတတ်ပညာရှင်များနှင့် ကျွမ်းကျင်သူများ မွေးထုတ်ပေးရန်။

(ခ)  သက်ဆိုင်ရာသင်တန်းဌာန၊ စိုက်ပျိုးရေးသိပ္ပံများတည်ရှိရာဒေသ၏ စံပြစိုက်ကွင်းများ ဖြစ်စေ ရန်။

(ဂ) သင်ကြားတတ်မြောက်ထားသည့်ပညာရပ်ဖြင့် တောင်သူလယ်သမားများအား ခေတ်မီ စိုက်ပျိုးရေး/မွေးမြူရေး နည်းပညာများ ပြန်လည်ဆင့်ပွားပညာပေးသူများဖြစ်စေရေး စနစ် တကျ ပျိုးထောင်ပေးရန်။

(ဃ) ဒေသတွင်းရှိ လယ်ယာကဏ္ဍထုတ်ကုန်မှ တောင်သူဝင်ငွေတိုးတက်ရန်နှင့် လူနေမှုဘဝ ဖွံ့ဖြိုး တိုးတက်‌ရေးအထောက်အကူပြုရန်။

 

 

စိုက်ပျိုးရေးသိပ္ပံကျောင်းများ၏ တည်နေရာ

-        စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)သည်နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ပျဉ်းမနားမြို့၊ရွှေချီရပ်ကွက်တွင် တည်ရှိပါသည်။

-     စိုက်ပျိုးရေးသိပ္ပံ(သထုံ)သည် မွန်ပြည်နယ်၊ သထုံမြို့၏ မြောက်ဘက်(၃)မိုင်နှင့် ရန်ကုန်မြို့မှ (၁၄၇)မိုင်အကွာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးတွင် တည်ရှိပါသည်။

-      စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)သည် မြောင်းမြမြို့၏အနောက်ဘက် (၂)မိုင်အကွာ၊ မြို့ပတ်လမ်း ဟောင်းပေါ်တွင် တည်ရှိပါသည်။

-        စိုက်ပျိုးရေးသိပ္ပံ(ရွှေဘို)သည် ရွှေဘိုမြို့၏အနောက်ဘက်(၁၀)မိုင်အကွာ၊ ရွှေဘို-ရေဦး ကား လမ်းဟောင်းပေါ်တွင် တည်ရှိပါသည်

-        စိုက်ပျိုးရေးသိပ္ပံ(ပုသိမ်ကြီး)သည် ပုသိမ်ကြီးမြို့၏အရှေ့ဘက်(၂)မိုင်အကွာတွင် တည်ရှိပါ သည်။

-         စိုက်ပျိုးရေးသိပ္ပံ(ပွင့်ဖြူ)သည် မင်းဘူး-စလင်းကားလမ်းဘေး၊ မင်းဘူးမြို့ နှင့်(၂၃)မိုင် အကွာ တွင် တည်ရှိပါသည်။

-  စိုက်ပျိုးရေးသိပ္ပံ(သာယာဝတီ)သည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ ၏တောင်ဘက်(၁)မိုင်(၄)ဖာလုံ၊ သာယာဝတီမြို့နယ်          မှ(၃)မိုင်(၆)ဖာလုံ၊ ရန်ကုန်မြို့မှ (၇၄)မိုင် (၇)ဖာလုံကွာဝေးပြီး ရန်ကုန်ပြည်ကားလမ်းတွင် တည်ရှိပါသည်။

-     စိုက်ပျိုးရေးသိပ္ပံ(ထားဝယ်)သည်တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်မြို့မှတောင်ဘက် (၇)မိုင် အကွာ၊ထားဝယ်- မောင်းမကန်လမ်းရှိ စခန်းကြီးကျေးရွာအနီး တည်ရှိပါသည်။

-         စိုက်ပျိုးရေးသိပ္ပံ(ဟဲဟိုး)သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့အတွင်း တောင်ကြီးကားလမ်းပေါ်တွင် တည်ရှိပါသည်။

-         စိုက်ပျိုးရေးသိပ္ပံ(မြစ်ကြီးနား)သည် ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၏အနောက်ဘက်(၇)မိုင် အကွာတွင် တည်ရှိပါသည်။

-        စိုက်ပျိုးရေးသိပ္ပံ(ဒီးမော့ဆို)သည် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့်(၁၀)မိုင်အကွာ၊ ဒီးမော့ ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါ်ငံရောက်ကျေးရွာတွင် တည်ရှိပါသည်။

- စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)သည် ကရင်ပြည်နယ်တောင်ပိုင်း၊ ဘားအံ-ဒုံရင်းကားလမ်းမဘေး၊ မိုင်တိုင်အမှတ် ၂/၃၊ ဘားအံနည်းပညာတက္ကသိုလ်နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိပါသည်။

-    စိုက်ပျိုးရေးသိပ္ပံ(လုံပီး)သည် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုံပီးကျေးရွာတွင် တည်ရှိပြီး ယခင် စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်ခဲ့သောနေရာ ဖြစ်ပါသည်။

-         စိုက်ပျိုးရေးသိပ္ပံ(ကျောက်တော်)သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အဝင်၊ ယခင် စိုက်ပျိုး ရေးမွေးမြူရေးအထက်တန်းကျောင်း ဖွင့်လှစ်ခဲ့သောနေရာ ဖြစ်ပါသည်။

-     စိုက်ပျိုးရေးသိပ္ပံ(ဟုမ္မလင်း)သည် ဟုမ္မလင်းမြို့၏ တစ်ဖက်ကမ်း၊ ကတ်သာကျေးရွာအုပ်စု၊ ကတ်သာရွာအနီးမှ (၂)မိုင်ခန့်အကွာရှိ ကတ်သာ-အောင်ဇေယျလမ်းမဘေး၊ ကတ်သာ-မိုပိုင်း လွတ်လမ်းမဘေးတွင် တည်ရှိပါသည်။

 

 

သင်တန်းကာလ

စိုက်ပျိုးရေးသိပ္ပံများ၏သင်တန်းကာလမှာ(၃)နှစ်ဖြစ်ပါသည်။ စိုက်ပျိုးရေးသိပ္ပံများ၏ ပညာသင်နှစ်သည် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် စတင်ပြီး၊ နောက်နှစ် အောက်တိုဘာလ (၁၅)ရက်နေ့ တွင် ပြီးဆုံးပါသည်။ ပထမနှစ်ဝက်သည် နိုဝင်ဘာလ (၁၅) ရက်နေ့ မှ မတ်လ (၃၁)ရက်နေ့ အထိဖြစ်ပြီး ဒုတိယနှစ်ဝက်သည် ဇွန်လ(၁)ရက်နေ့မှ အောက်တိုဘာလ(၁၅) ရက်နေ့အထိ ဖြစ်ပါသည်။

ကျောင်းဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်

          တက္ကသိုလ်ဝင်တန်းကို ဓာတုဗေဒ၊ ရူပဗေဒဘာသာရပ်အတွဲဖြင့် အောင်မြင်သူများသည် စိုက်ပျိုးရေးဒီပလိုမာသင်တန်းသို့လည်းကောင်း၊ ဇီဝဗေဒဘာသာရပ်အတွဲဖြင့် အောင်မြင်သူ များ သည် မွေးမြူရေးဒီပလိုမာသင်တန်းသို့လည်းကောင်း လျှောက်ထားနိုင်ပြီး အသက်(၂၂)ထက် မကြီးသူ ဖြစ်ရမည်။

စိုက်ပျိုးရေးတက္ကသိုလ်ပေါင်းကူးတက်ရောက်ခြင်း

စိုက်ပျိုးရေးသိပ္ပံများမှ (၃)နှစ် အမှတ်ပေါင်းဖြင့် ထူးချွန်စွာအောင်မြင်သူများကို စိုက်ပျိုး ရေးတက္ကသိုလ်တက်ရောက်ရန် ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် ရရှိမည်ဖြစ်ပါသည်။

မွေးမြူရေးတက္ကသိုလ်ပေါင်းကူးတက်ရောက်ခြင်း

မွေးမြူရေးဒီပလိုမာထူးချွန်သူသည် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် (B.A.Sc) သင် တန်းသို့ တက်ရောက်ရန် ဝင်ခွင့်ဖြေဆိုခွင့် ရရှိမည်ဖြစ်ပါသည်။

သင်ကြားနည်းစနစ်

သင်ကြားရေးတွင် ဘာသာရပ်အလိုက် လက်တွေ့လုပ်ငန်းကို နံနက်ကွင်းဆင်းခြင်း၊ လက် တွေ့ခန်း၌ဆောင်ရွက်ခြင်းနှင့် ကျူတိုရီရယ်တို့ဖြင့် လေ့ကျင့်သင်ကြားပေးပါသည်။ စဉ်ဆက် မပြတ် အကဲဖြတ်သောစနစ် (Continuous assessment) ဖြင့် ကျောင်းသား၏သင်ယူမှုကို အမှတ်ပေးပါ သည်။ နံနက်ကွင်းဆင်းလုပ်ငန်း၊ လက်တွေ့ခန်းလုပ်ငန်းနှင့် ကျူတိုရီရယ်တို့ကို လည်း ဘာသာရပ်အလိုက် အမှတ်ပေးထားပြီး Informal test, Practical exam, Field Trip report assignment, Oral exam နှင့်ရေးဖြေ Semester exam တို့ကို ဘာသာရပ်အလိုက် အချိုးကျခွဲ‌ဝေ အမှတ်ပေးပါသည်။ ပညာသင်နှစ်တစ်နှစ်တွင် Semester(၂)ခု ပိုင်းခြားထားပြီး Semester တစ်ခုလျှင် အမှတ် ၅၀%စီဖြင့် စုစုပေါင်း အမှတ်(၁၀၀)တွင် စိုက်ပျိုးရေးဘာသာ တစ်ခု၌(၅၀)မှတ်၊ စာပေဘာသာ တစ်ခုစီ၌ (၄၀)မှတ်ရရှိမှသာ အအောင်ပေးပါသည်။


ချီးမြှင့်သောအောင်လက်မှတ်


စိုက်ပျိုးရေးဒီပလိုမာ (Diploma in Agriculture)(Dip.Agri) အောင်လက်မှတ်ကို ချီးမြှင့် ပါသည်။ မွေးမြူရေးဒီပလိုမာ (Diploma in Animal Husbandry) (Dip.AH) အောင်လက်မှတ်ကို ချီးမြှင့်ပါမည်။