ကြက်ဟင်းခါးစိုက်ပျိုးနည်း

  • Sun, 26 June 2022


မြန်မာအမည်     -  ကြက်ဟင်းခါး

အင်္ဂလိပ်အမည်  - Bitter Gourd

ရုက္ခဗေဒအမည် - Momordicacharantia

မျိုးရင်းအမည်    - Cucurbitaceae

ကြက်ဟင်းခါးသီးသည်အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသစိုက်ပျိုးသီးနှံဖြစ်ပြီးအာရှတိုက်၊အာဖရိကတိုက်နှင့်ကာရီဘီယံနိုင်ငံများတွင်ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးပြီးအာရှတိုက်၏လူကြိုက်များသောဟင်းလျာအဖြစ်ချက်ပြုတ်စားသောက်သည့်သီးနှံတစ်မျိုးဖြစ်ပါသည်။

အမျိုးအစား

ကြက်ဟင်းခါးတွင် အဓိကအားဖြင့် ဘို့ပါသောမျိုးနှင့်ပြောင်ချောမျိုး ဟူ၍(၂)မျိုးရှိပါသည်။အရောင်အားဖြင့် အစိမ်းဖျော့ရောင်မှ အစိမ်းရင့်ရောင်ရှိပြီး ရင့်မှည့်သည့်အခါ လိမ္မော်ဝါရောင် ပြောင်းသွားသည်။အသီးမှာ လုံးရှည်ပုံသဏ္ဍာန်၊လွန်းပုံသဏ္ဍာန်ရှိပါသည်။

ရေမြေရာသီဥတု

ကြက်ဟင်းခါးပင်သည် ရေစိမ့်ဆင်းမှုကောင်းပြီး မြေဆီသြဇာထက်သန်သော မြေမျိုးကို ကြိုက်နှစ်(၃)ရက်ခန့် နေလှန်း၍ လေလုံသောဘူးတွင် သိုလှောင်ထားပါ။

သတိပြုရန်အချက်များ 

(က)ကြက်ဟင်းခါးပင်လေးများကြီးလာပြီးအညွန့်စင်ပေါ်ရောက်လျှင်အညွန့်ကိုဖြတ်တောက်ပေးပါ။သို့မှသာအညွန့်ခွပြီးပိုမိုသီးပါသည်။

(ခ)ကြက်ဟင်းခါးပင်ကိုရေလောင်းရာတွင်ရေပေးမလွန်ရန်အရေးကြီးပါသည်။ရေပေးလွန်းပါကအမြစ်ပုပ်ပြီးအပင်သေနိုင်ပါသည်။

ကြက်ဟင်းခါး (၁၀၀)ဂရမ်တွင်ပါဝင်သောအဟာရဓါတ်များမှာ

ကယ်လိုရီ         -    ၃၄

ကာဗိုဟိုက်ဒရိတ် -    ၇ဂရမ်

အဆီဓါတ်         -    ၀.၂ဂရမ်

အမျှင်ဓါတ်         -    ၁.၉ဂရမ်

သကြားဓါတ် -    ၁ဂရမ်

အသားဓါတ် -    ၃.၆ဂရမ်

ဆိုဒီယမ်         -    ၁၃မီလီဂရမ်

ပိုတက်ဆီယမ် -    ၆၀၂မီလီဂရမ်

ဗီတာမင်စီ         -    ၉၂ရာခိုင်နှုန်း

သံဓါတ်         -    ၅ရာခိုင်နှုန်း

ဗီတာမင်ဘီ-၆ -    ၄၀ရာခိုင်နှုန်း

မဂ္ဂနီဆီယမ် -    ၂၃ရာခိုင်နှုန်း