၁။သီးနှံအမည် - ပဲတီစိမ်း

  အင်္ဂလိပ်အမည်    - Green Gram

  သိပ္ပံအမည်         - Vigna radiate (L) wilezek

၂။နိဒါန်း

ပဲတီစိမ်းကို အပူပိုင်း အာရှနိုင်ငံများတွင် စိုက်ပျိုးကြပါသည်။ ပဲတီစိမ်းကို အထက်မြန်မာပြည်၊ အောက်မြန်မာပြည်ဒေသနှစ်ခုလုံးတွင် စိုက်ပျိုးကြပါသည်။ အထက်မြန်ပြည်တွင် မိုးရေသောက်သီးနှံအဖြစ်မိုးဦး၊ မိုးလယ်တွင် သီးသန့်(သို့)ဝါ၊ပဲစင်းငုံတို့နှင့် သီးညှပ်စိုက်ပျိုးပါသည်။ အောက်မြန်မာပြည်တွင် မိုးစပါးအပြီး သီးထပ်စိုက်ပျိုးပါသည်။ ရေသွင်းနိုင်သည့် ဒေသများတွင် မိုးကြိုသီးနှံအဖြစ်စိုက်ပျိုးကြပါသည်။ ပဲတီစိမ်းအဓိကစိုက်ပျိးသည့်တိုင်းများမှာ အထက်မြန်မာပြည်တွင် မကွေးတိုင်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းတို့ဖြစ်၍ အောက်မြန်မာပြည်တွင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ဧရာဝတီတိုင်းတို့ ဖြစ်ပါသည်။ (၂၀၁၂-၂၀၁၃)ခုနှစ် မြန်မာနိုင်ငံပဲတီစိမ်း စိုက်ဧကမှာ (၂၆၈၅၅၂၁)နှင့် ထုတ်လုပ်မှုမှာ (၃၂၃၆၇၃၃၂) တင်းရှိပါသည်။ 

၃။ရာသီဥတုလိုအပ်ချက်

ပဲတီစိမ်းသည် မတ်ပဲနှင့် နှိုင်းယှဉ်လျှင် စိုထိုင်းဆနှင့် ရေငတ်ဒဏ်ခံနိုင်ရည်ရှိမှု နည်းပါသည်။ ပူနွေးခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ ပဲတီစိမ်းဖြစ်ထွန်းရန် လိုအပ်သည့်အပူချိန်မှာ(၃၀-၃၆)ဒီဂရီစင်တီဂရိတ် ဖြစ်ပါသည်။ မိုးရွာသွန်းမှုညီမျှ၍ တစ်နှစ်ပျမ်းမျှမိုးရေချိန် (၃၀မှ၃၆)လက်မအတွင်း ရှိရန်လိုအပ်ပါသည်။ ပဲတီစိမ်းကို ပင်လယ်ရေမျက်ပြင်အထက် ပေ (၆၀၀၀)အထိ စိုက်ပျိုးနိုင်ပါသည်။ ဝတ်မှုံကူးခြင် း(၆-၈)ပတ် အကြာ၌ပန်းစတင်၍ပွင့်သည်။ ပန်းပွင့်မအာမီ တစ်ရက်အလို ညနေဘက်တွင် အငုံထဲ၌ပင် ဝတ်မှုံရင့်ကြွေ၍ မျျိုးကူးစပ်မှုပြီးစီးသည်။လုံးဝပင်တည်းဝတ်မှုံကူးပင် ဖြစ်ပါသည်။ ပွင့်အာခြင်း မရှိတော့ဘဲ ဝတ်မှုံကူးသည့် ပန်းပွင့်များ ရာခိုင်နှုန်ုး(၄၀)ကျော်သည်။ အပူချိန်နှစ်စဉ်ပျမ်းမျှ (၈)ဒီဂရီစင်တီဂရိတ်အောက် မကျသောဒေသနှင့်ပျမ်းမျှ(၂၀)ဒီဂရီစင်တီဂရိတ်ထက် မပိုသောဒေသများတွင် ပို၍ဖြစ်ထွန်းနိုင်သည်။ စိုက်ပျိုးချိန်ကာလအတွင်း အနိမ့်ဆုံး(၁၅) ဒီဂရီစင်တီဂရိတ်မကျဘဲ အမြင့်ဆုံး(၃၂)ဒီဂရီစင်တီဂရိတ်ထက်မကျော်သင့်ပေ။ အသင့်တော်ဆုံးမှ ာ(၂၅-၃၀)ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်သည်။ 

နေ့တာအတိုအရှည်

လင်းတာတုန့်ပြန်သောမျိုး၊ လင်းတာမတုန့်ပြန်သောမျိုးများလည်း ရှိသည်။ တစ်နည်းအားဖြင့် နေ့တာရှည်ကို ကြိုက်သောမျိုးနှင့် နေ့တာတိုကို ကြိုက်သောမျိုးများဖြစ်ကြသည်။ စစ်ကိုင်းတိုင်း၊မန္တလေးတိုင်းနှင့် မကွေးတိုင်းများတွင် စိုက်သောမျိုးများမှာ သက်တမ်းတို၍ လင်းတာတုန့်ပြန်သော မျိုးများဖြစ်သော်လည်း အအေးဒဏ်ကြောက်သည်။ စစ်ကိုင်းတိုင်းတွင် ပဲတီစိမ်းကို မိုးကြို၊မိုးလယ်တွင် စိုက်ပျိုးကြသည်။ မိုးပဲတီစိမ်းကို စက်တင်ဘာလနောက်ဆုံးထား၍ စိုက်ပျိုးသင့်သည်။ ပဲတီစိမ်းကို ဆောင်းရာသီတွင် စိုက်ပျိုးပါက အောက်တိုဘာလမှ ဒီဇင်ဘာလလယ်ထိ စိုက်ပျိုးနိုင်သည်။

၄။ မြေအမျိုးအစား 

ပဲတီစိမ်းသည် ရေစီးရေလာကောင်းသည့် မည်သည့်မြေအမျိုးအစားမဆို စိုက်ပျိုးနိုင်ပါသည်။ ရေဝပ်ဒဏ်ခံနိုင်ရည်မရှိပါ။ သဲမြေနှုန်းမြေမှ မြေနက်စေး၊ မြေနီစေးအထိ အားလုံးသော မြေမျိုးများတွင်ပင် စိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြေအချဉ်အငံဓါတ် (၅.၁-၆.၅)အတွင်း စိုက်ပျိုးဖြစ်ထွန်းသည်။ မြေအချဉ်အငံဓါတ် (၅.၅) ထက်လျှော့နည်းပါက အပင်ဖြစထွန်းမှုညံ့သည်။

၅။ စိုက်ပျိုးလျှက်ရှိသောမျိုးများ 

တောင်သူအများဆုံးစိုက်ပျိုးလျှက်ရှိသော မျိုးများသည် စိုက်ပျိုးရေးသုတေသနမှ ထုတ်ဝေထောက်ခံထားသည့် မျိုးကောင်းမျိုးသန့်များနှင့် ဒေသအထွက်ကောင်းမျိုးများကို စိုက်ပျိုးကြသည်။အဆိုမျိုးများ၏ အရည်အသွေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


၆။မျိုးစေ့နှုန်းထား

ပဲတီစိမ်းတစ်ဧကတင်း(၂၀)ထွက်ရှိရန် တစ်ဧကအပင်ဦးရေ မိုးကြိုနှင့် မိုးနှောင်းသီတွင် (၁၃၀၀၀၀)၊ မိုးရာသီတွင် (၈၇၀၀၀)ရရှိရန် လိုအပ်သဖြင့် မိုးကြိုနှင့်မိုးနှောင်းတွင် အတန်းလိုက်စိုက်ပါက (၆-၈)ပြည်နှုန်းသုံးပြီး မိုးရာသီတွင် အတန်းလိုက်စိုက်ပါက (၄-၅)ပြည်နှုန်း သုံးရန် လိုအပ်ပါသည်။ လက်ကြဲကြဲပါက (၆-၈)ပြည်ခန့်လည်းကောင်း၊ ရေလိုက်ကြဲပါက  (၁၀-၁၂)ပြည်အထိ သုံးစွဲပါ။ မစိုက်ပျိုးမီ အပင်ပေါက်စွမ်းအား စမ်းသပ်ပြီး အပင်ပေါက်ရာခိုင်နှုန်း (၉၀)ရှိသော မျိုးကို အသုံးပြုရန် လိုအပ်ပါသည်။ မိမိဒေသအတွင်း အပင်ငယ်စဉ် ပျက်စီးဆုံးရှုံးနိုင်သော ပမာဏအားထည့်သွင်းစဉ်းစား၍ တစ်ဧကရိတ်သိမ်းပင်(၁၃၀၀၀၀)ရှိရန်လိုအပ်သဖြင့် အပင်ပေါက်စုံရန် လိုအပ်ပါသည်။ အပင်ပေါက်စုံရန်အတွက် အစိုဓာတ်မီရန် စိုက်ချိန်မှန်ရန် လိုအပ်ပါသည်။ 

၇။ပဲတီစိမ်းသီးနှံပုံစံ 

ပဲတီစိမ်းသီနှံကို မိုးရာသီနှင့် ဆောင်းရာသီ၌ စိုက်ပျိုးကြသည်။ စပါးပြီးသီးထပ်စိုက်ပျိုးမီဖြစ်ပါက မိုးစပါးအား အောက်တိုဘာလကုန် ရိတ်သိမ်းနိုင်သည့် သက်လတ်စပါးမျိုးကို စိုက်ရမည်။ စပါးရိတ်သိမ်းသည့်အခါ အောက်ခြေပြတ်ရိတ်၍ ခြေနင်းခံနိုင်သော မြေအခြေအနေတွင် စိုက်ပျိုးရန်သင့်တော်သော အခြေအနေဖြစ်ပါသည်။ မြေကိုလက်ဖြင့်ဆုပ် ကြည့်လျှင် မြေလုံးမကွဲသော အခြေအနေသည် အစိုဓာတ်အနေတော်ဖြစ်ပါသည်။ 

၈။ စိုက်ပျိုးနည်းစနစ်

ပဲတီစိမ်းကို မိုးရာသီတွင် မိုးကြို၊မိုးနှောင်းနှင့် မိုးလယ်တို့တွင်လည်းကောင်း၊ ဆောင်းရာသီတွင်လည်းကောင်း စိုက်ပျိုးလေ့ရှိပြီး သီးသန့်၊သီးညှပ်(သို့မဟုတ်) သီးထပ်အဖြစ် စိုက်ပျိုးလေ့ရှိသည်။အတန်းလိုက်စိုက်ပျိုးရာတွင် မိုးကြိုနှင့်မိုးနှောင်းတွင် တန်းကြားတစ်ပေ၊ ပင်ကြား(၄)လက်မ၊ မိုးရာသီတွင် (၁.၅)ပေနှင့် ပင်ကြား(၄)လက်မ ထား၍ မျိုးစေ့အား(၁)လက်မမှ (၁.၅)လက်မအတွင်းစိုက်ပါ။ မိုးကြိုတွင် ဖေဖော်ဝါရီလလယ်မှ မတ်လလယ်အတွင်း စိုက်ပါ။ မိုးနှောင်းရာသီတွင် အောက်မြန်မာပြည်၌ အောက်တိုဘာလမှ နိုဝင်ဘာလအတွင်း အပြီးစိုက်ပါ။ မိုးကြိုရာသီတွင် ရေသွင်း၍ သီးသန့်အဖြစ်လည်းကောင်း၊ သီးညှပ်အဖြစ်လည်းကောင်း စိုက်ပျိုးကြသည်။ သီးညှပ်အဖြစ် မိုးပြောင်းဖူး၊ နှမ်းလျှင်၊ ပဲစင်းငုံ၊မိုး နေကြာနှင့်ညှပ်၍ စိုက်ပျိုးသည်။ သီးထပ်စိုက်ရာတွင် ရေလိုက်ကြဲစနစ်၊  ဓါးခုတ်ဖုံးစနစ် ၊ထွန်ရေးဖြင့် စိုက်သောစနစ် (ထွန်ပဲစနစ်)တို့ဖြင့် စိုက်ပျိုးသည်၊၊

၉။ပဲတီစိမ်းစိုက်ဧကများ

  ပဲတီစိမ်းစိုက်ဧကများ နှစ်စဉ်တိုးတက်လှျက်ရှိပါသည်။ နှစ်အလိုက် ပဲတီစိမ်းစိုက်ဧကမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 


၁၀။ပဲတီစိမ်းစားသုံးမှုနှင့်ပြည်ပဈေးကွက်အခြေအနေ

ပဲတီစိမ်းကို ပြည်တွင်း၌ ပဲဟင်း၊ ပဲပင်ပေါက်၊ ကြာဇံ၊အကြော်နှင့် မုန့်များပြုလုပ်၍ စားသုံးကြသည်။ အများအားဖြင့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှုအတွက် စိုက်ပျိုးထုတ်လုပ်ခြင်းဖြစ်ပါ သည်။ ပဲတီစိမ်းပြည်ပသို့ တင်ပို့ရောင်းချမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


ပဲတီစိမ်းတစ်ဧက(၂၀) တင်းထွက်ရှိရန်အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့် 

ကြိုတင်ပြင်ဆင်ခြင်း

သဘာဝမြေဩဇာနွားချေးတစ်ဧက (၁၀၀/၁၅၀)တင်း နေရာနှံ့အောင်ချပါ။ နွားထယ်(သို့)ထွန်းစက်ကြီးနှင့် တစ်စပ်ကမ်းဖြိုထိုးပြီး ယူရီးယား(၈)ပြည်၊တီစူပါ(၂၄)ပြည် ၊ပိုတက်ပေါင်(၁၂)ပြည်၊ ဂျစ်ပဆန်ပေါင်(၂၀)ပြည်ကို သမအောင်ရောမွှေပြီး မြေခံကြဲပတ်ပါ။ ထွန်းရေးသင်တင့်စွာညက်အောင် (၂)စပ် မွှေပေးပါ။ ထုတ်ဝေထောက်ခံထားသည့် ရေဆင်း(၉)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၄)၊ စိုက်ပျိုးရေး(၁) စသည့်မျိုးကောင်းမျိုးသန့်များသုံးပါ။

(၀၁) ရက်

အပင်ပေါက်ကောင်း၍ အပင်ပေါက်ညီညာအောင် ပဲတီစိမ်းမျိုးစေ့များကို နာရီဝက်ရေစိမ်ပြီး ပဲမြစ်ဖုဇီဝမြေဩဇာတစ်ထုပ်နှင့် သမအောင်ရောမွှေပြီးမှ စိုက်ပါ။ အပင်ငယ်စဉ် မှိုရောဂါကျတက်သောကြောင့် မှိုသတ်ဆေးတစ်မျိုးမျိုးနှင့် လူးနယ်စိုက်ပါ။ တစ်ဧကရိတ်သိမ်းအပင် (၁၃၀၀၀၀)ရရှိရန် အတန်းလိုက်စိုက်ပါက မိုးကြိုနှင့်မိုးနှောင်းရာသီတွင် တန်းကြား(၁၂)လက်မ၊ ပင်ကြား(၄)လက်မ ထား၍ မျိုးစေ့နှုန်း (၆-၈)ပြည်သုံးပါ။ မိုးရာသီတွင် တန်းကြား(၁၈)လက်မ၊ပင်ကြား(၄)လက်မထား၍ မျိုးနှုန်း(၄-၆)ပြည်သုံးပါ။ ကြဲပတ်ပါက မျိုးစေ့(၁၂)ပြည်နှုန်းသုံးပါ။ အပင်ပေါက်ညီညာ၍ အပင်ပေါက်ကောင်းရန် ထယ်ရေးအတွင်းမျိုးစေ့အတိမ်အနက် (၁-၂) လက်မအတွင်း ရအောင်စိုက်ပါ။ 

(၀၇) ရက်

စတင်အပင်ပေါက်သည်။အပင်ငယ်စဉ်တွင်လှေးကျိုင်း၊ပျ၊မွှားပင့်ကူနီ၊ပင်စည်ထိုးယင်တို့ကျတက်သောကြောင့်အပင်ပေါက်စုံချိန်တွင်ပင်လုံးပြန့်သတ္တိရှိပိုးသတ်ဆေးတစ်မျိုးမျိူးဖျန်းပါ။ညိုးသေရောဂါများကာကွယ်ရန်မှိုသတ်ဆေးတစ်မျိုးမျိုးပတ်ဖျန်းပါ။ 

(၁၅-၃၀) ရက်

ပေါင်းမြက်ကင်းစင်အောင် စတင်ဆောင်ရွက်ပါ။ (၁၅)ရက်ခြား နှစ်ကြိမ် ဆောင်ရွက်ပါ။ 

(၁၅-၂၅) ရက်

ပဲပင်များ ကြီးထွားသန်မာဖြစ်ထွန်းရန် (NPK)နှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်သောရွတ်ဖျန်းမြေဩဇာများတွင် (N)အချိုးများသည့် သင့်တော်သည့် ရွတ်ဖျန်းမြေဩဇာတစ်မျိုး(၁၅)ရက်ခြား နှစ်ကြိမ်ဖျန်းပါ။ 

(၁၅-၆၀) ရက်

ရွက်ဖောက်လှေး ကျိုင်း၊ ရွက်စားပိုး၊ ငမြောင်တောင်၊ ပင်စည်ထိုးယင်၊ ပျပိုး ၊ကျိုင်း၊ သရစ်လှေးပိုး ၊ထွာကောင်စိမ်း ၊ ရွက်စုံစားခူဝါ၊ ပွင့်ထွေးရွက်ကပ်သီးလုံးဖောက်ပိုး စသည်တို့နှင့် ယင်ဖြူကြောင့်ဖြစ်သောအဝါရောင်မှိုစိတ်ဗိုင်းရပ်ရောဂါများ မကျရောက်စေရန် သင့်တော်သည့် ဆေးတစ်မျိုးမျိုး (၁၅)ရက်တစ်ကြိမ် ပတ်ဖျန်းပါ။ သီးနှံသက်တမ်းတစ်လျှောက်လုံး ပင်ညိုးရောဂါ၊ ဖားဥမှိုရောဂါ၊ သံချေးရောဂါ၊ စာကိုစပိုးရားရွက်ခြောက်ရောဂါ၊ မှဲ့ပြောက်စွန်းရောဂါ၊ ဗိုင်းရပ်မှိုစိတ်ရောဂါ စသည့်ရောဂါများ ကျရောက်တက်၍ မှိုသတ်ဆေးများမှ ရောဂါနှင့်သင့်တော်သည့် ဆေးတစ်မျိုးမျိုး (၁၅)ရက် တစ်ကြိမ်ဖျန်းပါ။ 

(၃၀) ရက် 

သီးကိုင်းဖူးလေးများ စတင်နိုးကြားလာသည်။ ထိုအချိန်တွင် အစိုဓာတ်မပျတ်ရန် ၊အာဟာရမချို့တဲ့ရန်၊ ပိုးမွှားရောဂါမကျရောက်ရန် ဂရုပြုရပါမည်။ (၃၅-၄၅)ရက် (၄၅)ရက်စ၍ ပန်းပွင့်သည်။ ပွင့်အားကောင်း၍ အသီးတောင့်များရန် (NPK)အချိုး ရွက်ဖျန်းမြေဩဇာများ(P)နှင့် (K)ရာခိုင်နှုန်းများသော သီးပွင့်ရွက်ဖျန်းမြေဩဇာ (၁၅)ရက်ခြားနှစ်ကြိမ်ဖျန်းပါ။ (သို့)ယူရီးယား(၄.၅)ဇွန်းနှင့် လက်ချား(၁.၅)ဇွန်း ရေတစ်ဂါလံနှင့်ရောပြီး တစ်ဧက(၂၀)ဂါလံ ပတ်ဖျန်းပါ။ 

(၅၀-၆၀) ရက်

သီးတောင့်ဖြစ်ထွန်းချိန် ၊အစေ့အဆံတည်ချိန်ဖြစ်၍ သီးလုံးဖောက်ပိုးနှင့် သီးထိပ်ပုတ်ရောဂါကို ဂရုပြုပါ။ 

(၆၅-၉၅) ရက်

ပဲတီစိမ်းမျိုးနှင့် ပတ်ဝန်းကျင် ရာသီဥတုထိန်းသိမ်းစောင့်ရှောက်မှုအပေါ်မူတည်၍ (၆၅-၉၅)ရက်အတွင်း ရင့်မှည့်လေ့ရှိသည်။ အရွက်များ ဝါခြောက်ပြီး အတောင့်မျာ း(၇၅-၈၅)ရာခိုင်နှုန်း အနက်ရောင်သို့ပြောင်း၍ ခြောက်သွေ့ချိန်တွင် ရိတ်သိမ်းပါ။ ပဲတီစိမ်းအသီးသီးခြင်းကာလကြာရှည်၍ အကြိမ်ကြိမ် ရိတ်သိမ်းရပါသည်။ (၇-၁၀)ရက်ကြာလျှှင် နောက်တစ်သီးဆွတ်ခူးပါ။ ရိတ်သိမ်းပြီး နှစ်နေသုံးနေလှန်း၍ ချွေလှေ့သန့်စင်ပါ။ အစိုဓာတ်(၈-၉)ရာခိုင်နှုန်း နေလှန်း၍ သိုလှောင်ပါ။