ကုလားပဲသီးနှံတစ်ဧကတင်း(၂၀) ထွက်ရှိရေးဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် 

ကြိုတင်ပြင်ဆင်ခြင်း

သဘာဝမြေဩဇာနွားချေးတစ်ဧက (၁၀၀-၁၅၀) တင်းနေရာနှှံ့ အောင်ချပါ။ နွားထယ်(သို့) ထွန်စက်ကြီးနှင့်တစ်စပ်ကမ်ပြိုထိုးပြီး ယူရီးယား(၈) ပြည်၊ တီစူပါ (၂၄) ပြည်၊ ဂျစ်ပဆန်(၂၀) ပြည်ကို သမအောင်ရောမွှေပြီး မြေခံကြဲပတ်ပါ။ ထွန်ရေးသင့်တင့်စွာ ညှက်အောင် နှစ်စပ်နှင့် ကြမ်းတုံးရိုက်ပါ။ မျိုးအဖြစ် ထောက်ခံထား သည့် မျိုးများဖြစ်သည့် ရေဆင်းကုလားပဲနီ(၆)၊ ရေဆင်းကုလားပဲဖြူ (၈)၊ရွှေနီလုံးကြီး၊ ရေဆင်းကုလားပဲဖြူ(၉) မျိုးများကို အသုံးပြုပါ။ (သို့) ဒေသအထွက်ကောင်းမျိုးများကို အသုံးပြုပါ။ တစ်ဧကအပင်ဦး ရေ(၁၃၀၀၀၀) ရရှိရန် တန်းကြား(၁၂) လက်မ၊ ပင်ကြား(၄) လက်မ ထား၍ မျိုးစေ့တစ်တင်းအထိ အသုံးပြုနိုင်ပါသည်။ အပင်ညိုးသေ နှင့် အခြားရောဂါများ ကာကွယ်ရန် မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် မျိုး စေ့တစ်ပြည်တွင် ဆေး(၃) ဂရမ်/စီစီ နှုန်းလူးနယ်ထားပါ။  

စိုက်ပျိုးခြင်း

(၀၁) ရက်

ကုလားပဲမျိုးစေ့ကိုပဲမြစ်ဖုမြေဩဇာတစ်ထုတ်နှင့်သမအောင်လူးနယ်စိုက်ပါ။အပင်ပေါက်ကောင်း၍အပင်ပေါက်ညီညာရန်ထွန်ကြောင်းအတွင်းမျိုးစေ့အတိမ်အနက်(၂)လက်မမှ(၄)လက်မအတွင်းရအောင်စိုက်ပါ။ 

(၀၅)ရက်

အပင်စတင်ပေါက်သည်။ 

(၁၀)ရက်

အပင်ပေါက်စုံသည်။

(၁၅)ရက်

အပင်ငယ်စဉ်လှေးကျိုင်း၊ပျ၊မွှားပင့်ကူနီ၊ရွက်စားပိုး(ငမြောင်တောင်)စသည့်ပိုးမွှားများကိုကာကွယ်ရန်ပင်လုံးစိမ့်ပြန့်သတ္တိရှိသောဆေးတစ်မျိုးမျိုးကိုတစ်ဧကသတ်မှတ်နှုန်းထားအတိုင်းပတ်ဖျန်းပါ။ပေါင်းမြက်ကင်းစင်အောင်စတင်ဆောင်ရွက်ပါ။(၁၅)ရက်ခြား(၂) ကြိမ်ဆောင်ရွက်ပါ။

(၁၅-၃၀)ရက်

ပဲပင်များကြီးထွားသန်မာဖြစ်ထွန်းရန်(NPK)နှင့်အနည်းလိုအာဟာရဓါတ်များပါဝင်သောရွက်ဖျန်းမြေဩဇာများတွင်(N)အချိုးများသည်သင့်တော်သောရွက်ဖျန်းမြေဩဇာတစ်မျိုးမျိုးကို(၁၅)ရက်ခြား၍နှစ်ကြိမ်ပက်ဖျန်းပါ။

(၃၅-၄၅)ရက်

ပန်းပွင့်ချိန်စသည်။အစိုဓာတ်မပျက်ရန်နှင့်အာဟာရဓာတ်မပျက်ရန် အရေးကြီးသည်။ ရက် (၄၀) ခန့် ပန်းဖြိုင်ဖြိုင်ပွင့်သည်။ 

(၁၅-၆၀) ရက် 

ပွင့်အားကောင်း၍ အသီးများရန် NPK အချိုးရွက်ဖျန်းမြေဩဇာများ တွင် P နှင့် K အချိုး များသည့် ရွက်ဖျန်းမြေဩဇာ (၁၅) ရက်ခြား နှစ်ကြိမ်ဖျန်းပါ။ (သို့) ယူရီးယား (၄) ဇွန်းနှင့် လက်ချား (၁.၅) ဇွန်း၊ ရေတစ်ဂါလံနှင့်ရောပြီးတစ်ဧက(၂၀)ဂါလံဖျန်းပါ။ ရွက်ဖောက် လှေးကျိုင်း၊ ရွက်စားငမြောင်တောင်၊ စုပ်စားပိုး၊ ပျသရစ်၊ ထွာကောင် အစိမ်း၊ ရွက်စုံစားခူဝါ၊ သီးလုံးဖောက်ပိုးစသည်တို့မကျရောက်စေရန် (၁၅) ရက်သား မှ (၆၀) ရက်သားအထိ (၁၅) ရက်တစ်ကြိမ် ပင်လုံး ပြန့်ပိုးသတ်ဆေး တစ်မျိုးမျိုးအလှည့်ကျ ပတ်ဖျန်းပါ။ 

(၆၀-၈၀) ရက်

သီးနှံသက်တမ်းတစ်လျှောက် ကျရောက်တက်သော အပင်ညိုးရော ဂါ၊ မြစ်ခြောက်ဆွေးရောဂါ၊ ပင်ခြေပုတ်ရောဂါများကို ကာကွယ်ရန် မှိုသတ်ဆေးတစ်မျိုးမျိုးကို (၁၅) ရက်တစ်ကြိမ် အလှည့်ကျ ပတ်ဖျန်း ပါ။ အသီးနှင့်အစေ့အဆံတည်ချိန်ဖြစ်၍သီးလုံးဖောက်ပိုးကိုဂရုပြုပါ။ပဲစေ့လေးများပြည့်တင်းကြီးထွာချိန်ဖြစ်၍တစ်ပင်လုံးချက်လုပ်သောအစာ၏(၆၀)ရာခိုင်နှုန်းကိုအစေ့အောင်မြင်ရန်အသုံးချရ၍အစာအာဟာရအ လိုအပ်ဆုံးအချိန်ဖြစ်သည်။အရွက်များစိမ်းစိုကျန်းမာနေရန်နှင့် အာဟာရအစိုဓာတ်မပျက်ရန်အရေးကြီးသည်။ 

ရိတ်သိမ်းခြင်း

(၉၅-၁၂၀) ရက်

ကုလားပဲမျိုးနှင့်ပတ်ဝန်းကျင်ရာသီဥတုထိန်းသိမ်းစောင့်ရှောက်မှုအပေါ်မူတည်၍(၉၅-၁၂၀)ရက်အတွင်းရင့်မှည့်လေ့ရှိသည်။အသီးအတောင့်အရောင်ကောက်ရိုးရောင်(သို့)ညိုဖျော့ရောင်ပြောင်းသွားချိန်၊(၇၅- ၈၀)ရာခိုင်နှုန်းသီးတောင့်များရင့်မှည့်လျှင်ရိတ်သိမ်းနိုင်ပါသည်။ရိတ်သိမ်းချိန်နောက်ကျလျှင်သီးတောင့်များအက်ကွဲကျ၍အထွက်ဆုံးရှုံးနိုင်ပါသည်။နယ်လှေ့သန့်စင်၊နှစ်နေသုံးနေလှန်း၍အစိုဓာတ်(၈-၉) ရာခိုင်နှုန်းရှိချိန်တွင်သိုလှောင်ပါ။