အရည်အသွေးကောင်း ပန်းနှမ်းသီးနှံ အထွက်တိုးစေရန် အောက်ဖော်ပြပါနည်းလမ်းများကို လိုက်နာ၍ စိုက်ပျိုးဆောင်ရွက်သင့်ရန်အချက်များ-




၁။ မျိုးစေ့သေးငယ်သဖြင့် ထယ်ရေး/ထွန်ရေးညက်ညက်ရအောင် ဆောင်ရွက်၍ စိုက်ခင်းမြေမျက်နှာပြင်ညီညာအောင် ညှိပေးပါ။ 

၂။ စိုက်ပျိုးချိန်မှာ တောင်တန်းဒေသများတွင် သြဂုတ်လလယ်မှ စက်တင်ဘာလကုန်ထိ၊ အထက်မြန်မာပြည် အပူပိုင်းဒေသတွင် စက်တင်ဘာလ လယ်မှ အောက်တိုဘာလလယ်ထိ  

  အောက်မြန်မာပြည်တွင် နိုဝင်ဘာလနှင့် အစိုဓာတ်ရှိပါက ဒီဇင်ဘာလ ဒုတိယပတ်အထိ စိုက်ပျိုးနိုင်ပါသည်။အစိုဓာတ်အပြည့်အဝရှိမှသာ အပင်ပေါက်ကောင်းသည်။ 

၃။ စိုက်ခင်းမြေတစ်ဧကလျှင် နွားချေး သို့မဟုတ် သဘာဝမြေဆွေးလှည်း (၄-၆) စီး ခန့်၊ ယူရီးယား(၅၆) ပေါင်၊ တီစူပါ(၅၆) ပေါင်နှုန်း ထည့်ပေးပါ။

၄။ တစ်ဧကမျိုးစေ့နှုန်း(၂)ပြည်ခန့်အသုံးပြုပါ။ သီးညှပ်စိုက်ပါက မျိုးစေ့တစ်ပြည်နှုန်းနှင့် အပင်ပေါက်ရာခိုင်နှုန်း(၈၀)အထက်ရှိသော မျိုးစေ့များကိုအသုံးပြုပါ။




၅။ အတန်းစိုက် စိုက်ပျိုးသင့်ပါသည်။ တန်းကြား(၁၄-၁၈)လက်မနှင့်ပင်ကြား(၄-၆)လက်မ စိုက်ပျိုးပါ။ မျိုးစေ့များ မြေလွှာတွင်း တစ်လက်မထက် ပို၍ မနက်သင့်ပါ။ 

၆။ မျိုးစေ့ကျမှု ညီညာစေရန် သဲ(သို့) ပြာများနှင့်ရောနှော၍ အစေ့ချပါ။  မျိုးစေ့နှင့် ဓါတ်မြေသြဇာများကို ရောကြဲပက်ခြင်းမပြုသင့်ပါ။

၇။ မျိုးစေ့ချပြီး(၂-၃)ရက်အကြာ၌ အပင်ငယ်များပေါက်လာပြီး ရက်(၂၀)သားအတွင်း  တစ်ပင်နှင့်တစ်ပင်အကွာအဝေး(၄-၆)လက်မထား၍ သားခွဲ ခြင်း၊ အပင်မှုန်းခြင်းများ ဆောင်ရွက်ပါ။

၈။ ပန်းနှမ်းပင်၏အရွက်များဝါ၍ခြောက်သွေ့ပြီးအစေ့များရင့်မှည့်လာချိန်တွင်ရိတ်သိမ်းပါ။ပန်းနှမ်းပင်များအားတံစဉ်ဖြင့်ရိတ်သိမ်းပြီးစိုက်ခင်းထဲတွင်(၂-၃)ရက်ကြာနေလှန်းပြီး တလင်းသို့သယ်ယူနင်းနယ်ချွေလှေ့ကာပန်းနှမ်းစေ့များကိုခြောက်သွေအောင်နေလှမ်း၍အိတ်ဖြင့်သိုလှောင်ပါ။