မြေပဲစိုက်ပျိုးနည်းစနစ်

မြေပဲသီးနှံတစ်ဧကလျှင်ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်အထောက်အကူပြုပေးနိုင်သည့်အောက်ဖော်ပြပါမြေပဲသီးနှံစိုက်ပျိုးနည်း စနစ်များအတိုင်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

စိုက်ပျိုးနည်းစနစ်

-     မျိုးစေ့နှုန်းမှာတစ်ဧကလျှင်မြေပဲတောင့် (-၈တင်း)လိုအပ်ပြီး ပင်ထောင်မြေပဲကို တန်းကြား၊ ပင်ကြား (၁၅" x ") နှင့် တစ်ဧက အပင်ဦးရေ တစ်သိန်းခန့်၊ ပင်ပြန့်မြေပဲ တန်းကြား၊    ပင်ကြား 

-      (၁၈" x ")  နှင့် အပင်ဦးရေ တစ်ဧက (၈၅၀၀၀) ခန့်ရှိရမည်။

-      တစ်ဧကလျှင် နွားချေး/မြေဆွေးလှည်း(-၁၀) စီး နှုန်း၊ ယူရီးယား (၂၈-၅၆) ပေါင်၊ တီစူပါ(၈၄ - ၁၁၂) ပေါင်နှင့် ပိုတက်ရှ် (၂၈) ပေါင်နှုန်းကို စိုက်ထယ်ရေး ပြင်ချိန်ထည့်ပေးပါ။ လချေးမှုန့်မြေဩဇာ (၂၀၀-၂၅၀)ပေါင်နှုန်းကို မြေခံ(သို့) နောက်ဆုံးကြားလိုက်ချိန်(မြေတွင်းအစိုဓါတ်ရှိချိန်) အပင်ခြေ တွင်ထည့်ပေးပါ။ ပဲမြစ်ဖုဇီဝမြေဩဇာကို တစ်ဧကလျှင်() ထုပ်နှုန်းဖြင့် မျိုးစေ့နှင့်လူးနယ်စိုက်ပျိုး သင့်သည်။

-   အပင်ငယ်စဉ် စုပ်စားပိုး၊ ရွက်လိပ်ရွက်ကပ်ပိုးများ ကျပါကပင်လုံးပြန့်ထိတွေ့ပိုးသတ်ဆေးတစ်မျိုးမျိုး ပက်ဖျန်းနှိမ်နင်းပါ။ ဖိုးလမင်းကျိုင်းနှင့် ခြများကျ ရောက်ပါကပင်လုံးပြန့် ထိတွေ့ပိုးသတ်ဆေးခဲကို စိုက်ချိန်တွင် စိုက်ကြောင်းအတွင်းထည့်ပေးပါ။

-   မြစ်ပုပ်၊ ခါးရိ၊ အစေ့ပုပ်ရောဂါများမှ ကာကွယ်ရန် မျိုးစေ့ကိုမှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက် ပျိုးပါ။ ရွက်ပြောက်ရောဂါကျရောက်သောဒေသများတွင် သင့်တော်သည့်မှိုသတ်ဆေးဖြင့်ကာကွယ် နှိမ်နင်းပါ။ 

မြေအမျိုးအစား

-      နုံးမြေနှင့်သဲမြေတို့သည် မြေပဲစိုက်ပျိုးရန်အသင့်တော်ဆုံးမြေအမျိုးအစားများဖြစ်ပါသည်။

-  မြေပဲသီးနှံဖြစ်ထွန်းရန်မြေအချဉ်ငံဓာတ်(.)ထက်နိမ့်သောမြေနှင့်ဆားပေါက်မြေများတွင်မစိုက်သင့်ပါ။ရေသွင်း/ရေထုတ်လွယ်ကူသည့်မြေဖြစ်ရမည်။


 

စိုက်ပျိုးချိန်

-      မြေပဲသီးနှံကို မိုးဦး၌ မေနှင့်ဇွန်၊ မိုးလယ်၌သြဂုတ်  မိုးနှောင်းတွင် အောက်တိုဘာ၊ နိုဝင်ဘာလ များ တွင်စိုက်ပျိုးသင့်သည်။


 

မျိုးရွေးချယ်ခြင်း

-  ရေမြေဒေသနှင့်ကိုက်ညီသောမျိုး၊အပင်ပေါက်(၈၀)%အထက်ရှိသောမျိုးစေ့ကိုတစ်ဧကလျှင်မျိုးစေ့ (. -)တင်းနှုန်းအသုံးပြုစိုက်ပျိုးပါ။

-      မျိုးစေ့ဆောင်ရောဂါများကင်းစင်ပြီးရာသီဥတုဒါဏ်၊ ပိုးမွှား/ရောဂါဒါဏ်ခံနိုင်သောမျိုးများကို ရွေးချယ် စိုက်ပျိုးသင့်သည်။ မိုးခေါင်ဒေသများအတွက် (ဥပမာ ဆင်းပဒေသာ-၆၊ ၁၂၊ မကွေး-၁၁) မြေပဲမျိုး များကိုရွေးချယ်စိုက်ပျိုးသင့်သည်။


သက်တမ်းအလိုက်အပင်ပြုစုစောင့်ရှောက်ခြင်း

 

-      စိုက်ပြီး(၃၀-၃၅)ရက်အတွင်း ပေါင်းမြက်များအပြီးရှင်းပါ။ အထက်စွယ်များကို အတောင့်ဖြစ်စေရန် ပန်းဖြိုင်ချိန်မှစ၍ နောက်ပိုင်းတွင် ဘောင်တင်ခြင်း မပြုလုပ်ရပါ။ စွယ်ချချိန်နှင့် အဆံဖြည့်တင်းချိန် များဖြစ်သော အပင်သက်တမ်း (၄၅-၇၅) ရက်သား အတွင်းအစိုဓါတ်လိုအပ်ပါကရေသွင်းပေးပါ။


 

ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ

 

-      မြေပဲတောင့် ၇၀%ရင့်မည့်ချိန် ရိတ်သိမ်းသင့်သည်။

-      မျိုးအဖြစ်အသုံးပြုမည့် စိုက်ခင်းကိုရေသွင်း၍ နှုတ် သိမ်းခြင်းမပြုလုပ်ရ။

-      မြေပဲတောင့်များ အခြောက်ခံရာတွင် မြေကြီးနှင့် တိုက်ရိုက်မထိစေရနမိုးကာ၊ဖျာ၊ ကွန်ကရစ်တလင်း များပေါ်တွင် လှမ်းသင့်သည်။

-   မြေပဲပင်များကိုနှုတ်ပြီး ချက်ချင်းဆွတ်ကာနေပြင်း ပြင်းတွင်ပါးပါး(-)ရက် အခြောက်ခံရန်နှင့် အစိုဓါတ်(-%) ထိရှိရန်လိုအပ်သည်။ လုံးပိန်၊ လုံးညှက်၊ ဖုံ၊ သဲ၊ ခဲများကို လူ/စက်ကိရိယာများ အသုံးပြု၍ဖယ်ရှားသန့်စင်သင့်သည်။


တန်ဖိုးမြှင့်ထုတ်ကုန်များ

-      မြေပဲသီးနှံမှ ထုတ်လုပ်နိုင်သော တန်ဘိုးမြှင့်ထုတ်ကုန်များမှာ မြေပဲဆီ၊ မြေပဲယို၊ မြေပဲလှော်၊ ပဲဖတ် စသည်တို့ဖြစ်ပါသည်။