မှိုသီးနှံ(Mushroom)

မှိုဆိုသည်မှာ


- မှိုကို(Fungus)ဟုခေါ်ကြသည်။ မည်သည့်မှိုကိုမဆို(Fungus)ဟုခေါ်ဝေါ်သုံးစွဲနိုင်သော်လည်းမျက်စိအားဖြင့်ကောင်းစွာမြင်နိုင်သောပုံပန်းသဏ္ဍာန်တစ်စုံတစ်ခု၊ ရိုးတံ၊ ထီးရွက် စသည့်များပါရှိသော၊ အရွယ်အစားကြီးမားသောမှိုအားလုံးကို(Mushroom)ဟု‌ခေါ်ဝေါ်သုံးစွဲလေ့ရှိကြသည်။
- စိုက်ပျိုးမှိုအမျိုးမျိုးတို့၏အဓိကထူးခြားချက်မှာသဘာဝမှိုတို့နှင့်နှိုင်းယှဉ်လျှင်အရသာပေါ့သည်ဟုထင်ရသော်လည်းစားသုံးသူများအတွက်ဘေးအန္တရာယ်ကင်းရှင်းခြင်းပင်ဖြစ်သည်။
- စိုက်ပျိုးမှိုအမျိုးမျိုးတို့ကိုနေရာကျဉ်းကျဉ်း၌အချိန်တိုတိုအတွင်းကုန်ကျစရိတ်နည်းနည်းဖြင့်စိုက်ပျိုးထုတ်လုပ်နိုင်သောကြောင့်မိမိတို့နေအိမ်ခြံဝင်းအတွင်းကားဂိုဒေါင်၊မီးဖိုချောင်၊ဝရန်တာစသည့်နေရာလွတ်များ၌တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ပြီးစီးပွားဖြစ်ထုတ်လုပ်နိုင်ကြစေရန်မှိုစိုက်ပျိုးမှုနည်းပညာများ၊မှိုအမျိုးမျိုးတို့၏မှိုစိုက်ထုပ်များအားစိုက်ပျိုးရေးဦးစီးဌာန၊ကော်ဖီ-ရာသီသီးနှံဌာနခွဲအောက်ရှိမှိုခြံများမှဖြန့်ဝေပေးလျှက်ရှိပါသည်။





ကမ္ဘာပေါ်တွင်စီးပွားဖြစ်စိုက်ပျိုးနေသောမှိုမျိုးများ


- ကောက်ရိုးမှို
- ငွေနားမှို
- ငွေနှင်းမှို
- နာမီကို
- လင်ဇီးမှို
- ရှီတာကီမှို
- မျောက်ခေါင်းမှို
- ကြွက်နားရွက်မှို
- ကြယ်သီးမှို
စသည်တို့အားစိုက်ပျိုးရောင်းချလျှက်ရှိသကဲ့သို့စားသောက်မှုပုံစံသစ်အရအခြားမှိုမျိုးများလည်းပြည်ပနိုင်ငံများမှပြည်တွင်းဈေးကွက်သို့တင်ပို့ရောင်းလာမှုများရှိလာပါသည်။






မှိုသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ(၅)ခြံ၏စိုက်ပျိုးထုတ်လုပ်မှု

ရန်ကုန်(၉)မိုင်မှိုခြံတွင်စိုက်ပျိုးသောမှိုအမျိုးအစားများ


- ငွေနှင်းမှို
- ကြွက်နားရွက်မှို
- နို့စိမ်းမှို(Milky)
- ကောက်ရိုးမှို
- လင်ဇီးမှို

မှော်ဘီညောင်နှစ်ပင်မှိုခြံတွင်စိုက်ပျိုးသောမှိုအမျိုးအစားများ
- ငွေနှင်းမှို
- ကြွက်နားရွက်မှို
- နို့စိမ်းမှို(Milky)
- ကောက်ရိုးမှို
- လင်ဇီးမှို

ပဲခူး(၁၀)မိုင်မှိုခြံတွင်စိုက်ပျိုးသောမှိုအမျိုးအစားများ

- ငွေနှင်းမှို
- ကြွက်နားရွက်မှို
- နို့စိမ်းမှို(Milky)
- ကောက်ရိုးမှို
- လင်ဇီးမှို

တောင်ငူကျောက်တိုင်မှိုခြံတွင်စိုက်ပျိုးသောမှိုအမျိုးအစားများ
- ငွေနှင်းမှို
- ကြွက်နားရွက်မှို
- နို့စိမ်းမှို(Milky)
- ကောက်ရိုးမှို
- လင်ဇီးမှို

ပြင်ဦးလွင်ဒိုးကွင်မှိုခြံတွင်စိုက်ပျိုးသောမှိုအမျိုးအစားများ
- ငွေနှင်းမှို
- ကြွက်နားရွက်မှို
- ရှီတာကီမှို
- မျောက်ခေါင်းမှို
- ပဲပင်ပေါက်မှို(ရွှေအပ်မှို/အီနိုကီတာကီမှို)
- ကြယ်သီးမှို