မှိုမွေးမြူစိုက်ပျိုးထုတ်လုပ်မှုအဆင့်များ

မှိုမျိုးသန့်မွေးမြူခြင်း


- မှိုအသားမျှင်မှမွေးမြူခြင်း
- မှိုမျိုးစေ့မှ မွေးမြူခြင်း

မှိုမျိုးစေ့/ပွားစာ(Spawn)ပြုလုပ်ခြင်း

- သီးနှံမှိုမျိုးစေ့ပြုလုပ်နည်း (Grain Spawn)
- နှပ်စာမှိုမျိုးစေ့ပြုလုပ်နည်း (Compost Spawn)
- တိုက်ရိုက်မှို ပြုလုပ်နည်း (Direct Spawn)

မှိုစိုက်ထုပ်ပြုလုပ်ခြင်း

 ကုန်ကြမ်း

 - သစ်ပွလွှစာ၊ကောက်ရိုးရိုးပြတ်၊ပြောင်းရိုး၊ဝါအလေအလွင့်၊လဲမှို့အူတိုင်၊ဗေဒါခြောက်၊ပဲမျိုးစုံရွက်ခြောက်၊ပဲမှော်၊ပဲရိုး(အပင်၏အမျှင်ဓါတ်ရှိအပင်အစိတ် အပိုင်းအားလုံး)အသုံးပြုနိုင်ပါသည်။


ရောစပ်စာအချိုး

- အထုပ်ပြုလုပ်စိုက်ပျိုးသောမှိုများအတွက် သစ်ပွလွှစာ ၁၀၀ %၊ ဆန်ဖွဲနု ၅- ၇ %၊ ပြောင်းဖွဲ ၃ %၊ ပဲဖွဲ ၂ %၊ သကြား/ဂလူးကို့စ် ၁ %၊ ဆားခါး ၀.၂ %၊ မဖောက်ထုံး ၁ %၊ ရေ ၆၅ % ဖြင့်ဆောင်ရွက်ရမည်။
- ကောက်ရိုးမှိုအတွက် နှပ်စာ ၁၀၀ %၊  ဆန်ဖွဲနု ၅ %၊ ပြောင်းဖွဲ ၃ %၊ သကြား/ ဂလူးကို့စ် ၁ %၊ ဆားခါး ၀.၂ %၊ မဖောက်ထုံး ၁ %၊ ရေ ၆၅ % ဖြင့် ဆောင်ရွက်ရမည်။

မှိုမျိုးသွင်းခြင်း

- စိုက်ထုပ်များအတွင်းသို့ မှိုမျိုးများ ထည့်သွင်းရန် လိုအပ်သည်။

မှိုမျှင်ရင့်ကျက်စေခြင်း

- မှိုမျိုးထည့်ပြီးနောက်တွင် မှိုစိုက်ထုပ်များ မှိုမျှင်ပြည့်၍မျိုးရင့်စေခြင်းဖြစ်သည်။ မှိုရင့်ကျက်ခန်းပြုလုပ်ထားရှိရမည်ဖြစ်ပြီး မျိုးသွင်းပြီးစိုက်ထုပ်များ ၇ ရက်မှ ၁၀ ရက်အတွင်း မှိုမျှင်စ၍ဖွာလာပြီး မျိုးပေါ်မူတည်ကာရင့်ကျက်ခန်းတွင် ထားရမည့်ရက်ကွာခြားနိုင်ပါသည်။
- ငွေနှင်းမှိုသည် ၂၅-၃၀ ရက်၊ ကြွက်နားရွက်/လင်ဇီးမှိုသည် ၄၀-၄၅ ရက်၊ ရှီတာကီမှိုသည် ၃ လ ခန့်နှင့် ကောက်ရိုးမှိုသည် ၁၀-၁၂ ရက်ခန့်ကြာနိုင်ပါသည်။

မှိုစိုက်ပျိုးခြင်းနည်းလမ်းများ

- အထုပ်ပြုလုပ်စိုက်ပျိုးခြင်း(ငွေမိုး/နှင်း၊ ကြွက်နားရွက်၊နို့စိမ်းမှို၊လင်ဇီး၊ထပ်တစ်ရာမှို၊ ရှီတာကီ၊မျောက်ခေါင်း၊ရွှေအပ်မှို)
- အပုံပြုလုပ်စိုက်ပျိုးခြင်း (ကောက်ရိုး၊ ကြယ်သီးမှို)
- သစ်တုံးဖြင့်စိုက်ပျိုးခြင်း (ငွေနှင်း၊ ကြွက်နားရွက်၊ ရှီတာကီ၊ လင်ဇီး၊  ထပ်တစ်ရာမှို)

မှိုဆွတ်ခူးခြင်း

- ငွေနှင်းမှိုအားဆွတ်ခူးမည်ဆိုပါကအနားသားပါး၍ပြန့်ကားနေသောအခြေအနေတွင်ဆွတ်ခူးပါ။
- ကြွက်နားရွက်မှိုအားဆွတ်ခူးမည်ဆိုပါကအနားသားများတွန့်ခြောက်နေသောအခြေအနေတွင်ဆွတ်ခူးပါ။